Part 24.2

304 55 0
                                    


ပြောရရင် သူက "အိမ်ထောင်ပြုဖို့ တရားဝင်အရွယ်"ပိုပဲ ဖြည့်ဆည်းပေးနိုင်ပေမယ့်လည်း ဒါက အပြင်လူတွေ သိတဲ့အတွင်းရေးမှ မဟုတ်လဲ။ ယင်းရန် အားတောင့်အားနာ ရယ်လိုက်ပြီးတော့ တခြားအကြောင်းပြောလိုက်တယ်။ "ရပါတယ် အန်တီရဲ့။ အာ.. ဦးလေး.. နံရိုးတွေက အရသာရှိတယ်နော်..."

အမှုစစ်နှစ်ယောက်ကတော့ စိတ်ပျော်နေကြပြီးတော့ မကြာခင်မှာပဲ လေထုက လိုက်လျောညီထွေ ဖြစ်လာတော့တယ်။ ကျုံးချန်းရှော်ကတော့ "အံမဝင်ခွင်မကျဆုံး" ဆုကို အနိုင်ရလုနီးပါးပါပဲ။

ကံကောင်းထောက်မစွာပဲ ကျုံးချန်းရှော်က မှန်မှန်နဲ့မြန်မြန်စားသောက်ပြီးတော့ တိုက်ပွဲကို ပြတ်ပြတ်သားသားပဲ ရပ်လိုက်တယ်။ "ပြန်သွားပြီးတော့ အိမ်ရှင်းလိုက်ဦးမယ်"

ကျုံးယု : "‌အေးပါ။ စောင်တွေ တဘက်တွေကော အလုံအလောက်ရှိရဲ့လား? အိမ်ကနေ မယူသွားတော့ဘူးလား?"

"အလုံအလောက်ရှိပါတယ်," ကျုံးချန်းရှော် ဖြေပြီးတာနဲ့ သွက်သွက်ကလေး လစ်ပြေးတော့တယ်။

အမျိုးသမီးအိုကြီးက မျက်လုံးလှိမ့်ကြည့်လိုက်ပေမယ့်လည်း သူမရဲ့ စကားသံထဲမှာတော့ အပြုံးတစ်ပွင့်ပါနေခဲ့တယ်။ "သူ့ကို ကြည့်ပါဦး။ သူ ဘယ်သူ့ကို ယူမယ်ဆိုတာလည်း မသိတော့ပါဘူး"

ယင်းရန် ထပ်မစားရဲတော့။ အယောင်ပြပဲ ထမင်းတစ်ပန်းကန်ထပ်ထည့်လိုက်ပြီးတော့ ပန်းကန်တွေဆေးဖို့ မီးဖိုချောင်ထဲကို သွက်သွက်ကလေးသွားတော့တယ်။ သူသာ ကျုံးချန်းရှော်မိဘတွေကို တားဖို့ အကောင်းဆုံးမကြိုးစားခဲ့ဘူးဆိုရင် သူ့မိဘတွေက သူ့ကို စူပါမားကတ်ထဲမှာ စျေးကြီးတာတွေဝယ်ဖို့ ဆွဲခေါ်ခံသွားလောက်လိမ့်မယ်။

ပစ္စည်းတွေသိမ်းရင်း နှစ်ယောက်သား စကားပြောဖြစ်ကြတယ်။ ကျုံးယု သက်ပြင်းခဏခဏချနေတယ်။ "ကျုံးချန်းရှော် ယောက်ျားယူလည်း ဘာမှမဖြစ်ပါဘူး... သူသာ အဲ့တစ်ယောက်ကို သဘောကျတယ်ဆိုရင်ပေါ့....." ဒီလင်မယားနှစ်ယောက်က "ကျုံးချန်းရှော် တစ်ယောက်တည်းဖြစ်မှာ"ကို တွေးပြီးတော့ ကြေကွဲနေကြပုံပါပဲ။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now