Part 22.1

667 89 0
                                    


အခန်း (၂၂) : အမှတ်တရလက်ဆောင်

ညအချိန်ကို ရောက်ခဲ့ပြီ။

အဆောက်အဦးရဲ့ အပြင်ဘက်ကနေ ကြည့်လိုက်ရင်တော့ ယူနစ်(၁၄၁၃)က တခြားအခန်းတွေလိုပါပဲ။ တိုက်ခန်းတစ်ခုလုံးမှာ အလင်းရောင်စိုးစဥ်းမျှကို မရှိဘူး။ ယိုယွင်းနေတဲ့ ကြီးမားလွန်းတဲ့ အဆောက်အဦးကြီးက အိပ်ပျော်နေသယောင်ယောင်.....။

ရှီးရန်ရဲ့ ဝန်ထမ်းအမြောက်အများက အနီးအနားတဝိုက်ကို ကင်းလှည့်နေကြတယ်။ ယာယီတပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေကလည်း ပတ်ပတ်လည်ကို စောင့်ကြည့်နေကြတယ်။

ကျုံးချန်းရှော် ဆွယ်တာတွေ ဖိနပ်တွေ ပြန်လဲဝတ်ပြီးတော့ သူ့ကျောပေါ်မှာ ပတ္တူစကျောင်းကျောပိုးအိတ်တစ်လုံးကို ပိုးလိုက်တယ်။ ယင်းရန်က အမည်းရောင်ရှပ်အင်္ကျီကို ဝတ်လိုက်ပြီးတော့ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးလိုက်တယ်။ သူတို့ နှစ်ယောက် ရှီးပေါင်းကို ခေါ်ပြီးတော့ ဖန်းဟွတိုက်ခန်းတွေဘက်ကို ခိုးဝင်လာခဲ့ကြတယ်။

"မင်းတို့ဟာက ဟုတ်ကောဟုတ်ရဲ့လားကွ"

ရှီးပေါင်း နံရံတွေပေါ်က လုံခြုံ‌ရေးကင်မရာတွေကို ကြည့်လိုက်ပြီးတော့ သူ့ရဲ့ အိတ်ကို ကျစ်ကျစ်ပါအောင်ကိုင်ရင်းကနေ ပြောလိုက်တယ်။ ယင်းရန် လက်ညိုးကို နှုတ်ခမ်းပေါ်တင်ပြီး "တိတ်တိတ်နေ" ဆိုတဲ့ သဘောနဲ့ ရှီးပေါင်းကို အမူအရာပြလိုက်တယ်။

ကျုံးချန်းရှော် သူ့ရဲ့ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ပြီး ရှီးပေါင်းကို ကျောပေးကာ လည်ပင်းမှာ သူ့ရဲ့ဝန်ထမ်းကတ်ကို ဆွဲလိုက်တယ်။ ရှေ့ကို ခြေနှစ်လှမ်းလောက် လှမ်းလိုက်ပြီးတော့ ကင်းလှည့်နေတဲ့ အစောင့်တွေကို တားလိုက်တယ်။ အစောင့်အမျိုးသားက ကျုံးချန်းရှော်ရဲ့ ဝန်ထမ်းကတ်ကို ခဏကြည့်ပြီးတော့ စဥ်းစားတဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။

"အခုက ဒီမှာ ဘာလာလုပ်နေကြတာလဲ"

"ဒီနေရာကို ညလယ်လောက်ရောက်ရင် မခြွင်းမချန်ဘဲ ရှင်းလင်းတာမျိုး လုပ်မယ်ပြောတာ ကြားတယ်"

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now