Part 27.2

453 59 2
                                    


ကျုံးချန်းရှော်၏လှုပ်ရှားမှုများမှာ သူသည်ခွဲစိတ်မှုလုပ်နေသည့်အလား တိကျနေသည်။ သူသည်အပြင်အကာနှင့်ဖန်သားပြင်တို့ကို ညင်သာစွာဖယ်ရှားလိုက်ကာ အစိတ်အပိုင်းများကိုဖြုတ်လိုက်ပြီး ဖုန်းထဲတွင်ရှိနေသော စုစည်း‌နေသည့်အညစ်အကြေးနှင့်ဖုန်များကို ဂရုတစိုက်သန့်စင်လိုက်သည်။ တောက်ပသောအလင်းရောင်က သူ့မျက်နှာကိုထွန်းလင်းပေးကာ သူ့လက်ထဲကိုင်ထားသောအရာမှာ ကမ္ဘာပေါ်တွင်ထိပ်တန်းအရေးကြသည့်အလား အာရုံစိုက်မှုအပြည့်နှင့် မျက်လုံးများကိုပြသနေသည်။

သူအလွန်အလေးအနက်ထားနေသည်ကိုမြင်သောအခါ ယင်းရန်ကဆိုဖာပေါ်မှဆင်းကာ ကသိကအောက်ဖြစ်နေသည်။ အရှင်သရဲဘုရင်မှာ စားပွဲကိုဆွဲထုတ်လိုက်ကာ ကျုံးချန်းရှော်ဘေးတွင်ထိုင်ချလိုက်သည်။ သူသည်သူ့မျက်နှာကိုပြသကာ နူးညံ့သောစုတ်တံနှင့် သူ့ပါတနာဆွဲနေသည်ကိုကြည့်ပြီးနောက် ပိုးသားအဝတ်နှင့်သုတ်လိုက်သည်။

လူတစ်ယောက်မှာ တိတ်တဆိတ်စွမ်းဆောင်နေချိန် အခြားတစ်ယောက်က တိတ်တဆိတ်ကြည့်နေသည်။ အခန်းထဲတွင်နှေးကွေးသော အသက်ရှူသံသာကျန်တော့ကာ အချိန်ကတည်ငြိမ်နေသည့်ပုံပေါက်အောင် ပြုလုပ်နေသည်။

ယင်းရန်သည် ကျုံးချန်းရှော်လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်ကိုနားမလည်နိုင်သော်လည်း ဤလူ၏လက်များမှာ တကယ်ပင်လှပသည်။ သူ့လက်များပေါ်တွင် အနာများသို့မဟုတ် အသားမာများမရှိဘဲ သူ့လက်ချောင်းများမှာသွယ်လျပြီး သူ၏အဆစ်များမှာထင်ရှားကာ သူတို့ကြားထင်ရှားသော အပြာရောင်သွေးပြန်ကြောများစွာမရှိပေ။

ယင်းရန်သည် သူ့အရေပြားအောက်မှအရိုးများမှာလည်း လွန်စွာလှပမည်ဖြစ်ကြောင်း ယောင်ဝါးဝါးတွေးလိုက်သည်။

သေသပ်သောလှုပ်ရှားမှုများနှင့် ဖုန်းအဟောင်းအား အကာနှင့်ဖန်သားပြင်အသစ်တို့ဖြင့်လဲလိုက်ကာ ယင်းရန်အားသူ့ဖုန်းကတ်ကို အောင်မြင်စွာထည့်ခွင့်ပေးလိုက်သည်။ ရှန်နံပါတ်ရိုက်ထည့်ထားသော အကာအသစ်အား သေးငယ်သည့်ချွတ်ဆေးထဲဖယ်ရှားလိုက်ကာ အကာအသစ်၏နောက်ကျောသို့မကပ်ခင် အရောင်တင်ပြီး ၎င်းအားနူးညံ့ကာထူးခြားသောအဆင်တန်ဆာကဲ့သို့ တူညီ‌အောင်လုပ်ပေးသည်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now