Part 26.2

377 50 0
                                    


လုံခြုံရေးအခန်းထဲတွင် ယူနီဖောင်းဝတ်ထားသည့် လုံခြုံရေးအစောင့်နှစ်‌ယောက်အပြင် ဖန်းယွမ်ယွမ်နှင့် သူစိမ်းလူတစ်ယောက်မှာ ထိုနေရာတွင်ရပ်နေသည်။

မြင်ကွင်းအားပြန်ပြလိုက်သည့်အလား ဖန်းယွမ်ယွမ်ကပြုံးကာ လက်ခုပ်တီးလိုက်သည်။ "ရှန်းကျန်း၊ ငါနင့်ကိုဘာပြောလဲ။ ဒီလူသစ်ရဲ့အရည်အသွေးက တကယ်ကောင်းတာပါလို့"

ကျုံးချန်းရှော်ကကြောင်သွားသည်။ သူသည်ယင်းရန်၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။ "အဲ့ဒါက..."

နောက်ထပ်"ဖန်းယွမ်ယွမ်"က နောက်မှရောက်လာသည်။ သူမ၏မျက်နှာပေါ်မှ တောင့်တင်းသောအပြုံးမှာ မပျောက်ကွယ်သွားသေးပေ။ သူမသည်လုံခြုံရေးအခန်း၏တံခါး၌ရပ်နေပြီး မျက်တောင်မခတ်ဘဲ ကျုံးချန်းရှော်နှင့်ယင်းရန်တို့ကို တည့်တည့်စိုက်ကြည့်နေသည်။

"ဒါကငါလုပ်ထားတဲ့ ဝိညာဉ်လက်နက်လေ။ မစစ်လွန်းဘူးလား" ဖန်းယွမ်ယွမ်က သူမ၏"အမြွာ"ဆီလျှောက်သွားကာ ပြုံးနေလိုက်သည်။

'ဒါကတကယ်အစစ်ကျနေတာပဲ' ယင်းရန်ကတွေးမိသည်။

ဝိညာဉ်လက်နက်မှာ သ‌ဘာဝအတိုင်းရွေ့လျားကာ ၎င်း၏အသက်ရှူသံနှင့်နှလုံးခုန်သံတို့အား ကောင်းစွာတုပထားသည်။ ၎င်း၏ဆံပင်မှာ ဖန်းယွမ်ယွမ်ကိုယ်တိုင်ဆီမှဖြစ်နိုင်ကာ သာမန်မကောင်းဆိုးဝါးအရာများက ၎င်းကိုမခွဲခြားနိုင်စေရန် သက်ရှိများ၏ကိုယ်ရောင်ကိုယ်ဝါထဲ နစ်မြုပ်ထားသည်။ စိုက်ပျိုးသူများမှာဤအရာကို လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက "အသားရုပ်ပုံများ"ဟု ရည်ညွှန်ထားကြကာ ၎င်းသည်ဖန်တီးရန် အခက်ခဲဆုံးဝိညာဉ်လက်နက်များထဲမှ တစ်ခုဖြစ်သည်။

ဤမိန်းကလေး၏လက်မှုပညာအဆင့်မှာ အတော်မြင့်မားသည်။

ကျုံးချန်းရှော်ကသူ့ဖုန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ သူသည်အတွင်းဖုန်းခေါ်ဆိုမှုမှ မပြတ်တောက်သွားသေးပေ။

"ဖုန်းခေါ်တာကိုရပ်နိုင်ပါတယ်။ အရေးပေါ်စီမံခန့်ခွဲရေးဌာန ရှန်းကျန်း" အခန်းထဲမှသူစိမ်းလူကြီးမှာ ဖုန်းကိုဆက်သွယ်ကာ တစ်ဖက်လိုင်းပေါ်မှ ကျုံးချန်းရှော်အားပြောနေသည်။ "ဒါတွေကတကယ်ပဲ စမ်းသပ်မှုတစ်ခုဆိုတာ ငါအတည်ပြုတယ်။ ဆက်လုပ်ကြပါ"

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now