Part 13.1
13 01
အခန်း (၁၃)
မက်ဆေ့မှတ်တမ်း
နောက်နေ့ကျတော့ ကျူံးချန်းရှော်ခမျာ ယင်းရန်ကို ကိတ်မုန့်ဆိုင်ထဲက ဆွဲမထုတ်ရရုံတမယ်ပဲ။
မနေ့ကဝယ်လာတဲ့ကိတ်မုန့်ကို အိမ်ပို့ဖို့အတွက် သူအပြင်ခဏထွက်ပြီး deliveryအပ်ရုံလေးတင်ကို..ဆိုင်ထဲ ပြန်ရောက်လာတော့ တစ်စုံတစ်ယင်းက မင်္ဂလာဆောင်ကိတ်မုန့်ကြီး မှာနေသတဲ့လေ။
"ဒီကိတ်မုန့်က ဒီဆိုင်မှာ အကြီးဆုံးပဲ"
အကျေနပ်ကြီးကျေနပ်နေတဲ့ ယင်းရန်ရယ်ပါ။
ကျူံးချန်းရှော်လက်တွေ ကတုန်ကယင်ဖြစ်လာတယ်။ နမော်နမဲ့နိုင်လိုက်တာ..အင်းလေ..အတိတ်မေ့နေတဲ့လူဆိုတော့လည်း
သူလုပ်လိုက်သမျှတွေက တစ်ဖက်ကမ်းကို လွန်နေလွန်းအားကြီးလို့ အရမ်းနားလည်ရခက်တယ်။
ကျူံးချန်းရှော်က မှုန်ကုပ်နေတဲ့မျက်နှာကြီးနဲ့ အရောင်းဝန်ထမ်းဘက်လှည့်ပြီး..
"စိတ်မရှိပါနဲ့...ငွေပြန်အမ်းပေးလို့ရမလား?"
ယင်းရန်ဒေါသပုန်ထပါပြီ။
"ဘာလို့လဲ?! ကျွန်တော့်လခလေ—"
"အဲ့ဒီလခကိုမသုံးခင် ငါနဲ့တိုင်ပင်ရမယ်လို့ မနေ့ညကပြောထားတယ်လေ"
"ကျွန်တော်ကြိုက်ရင် ဝယ်လို့ရတယ်လို့လည်း ပြောခဲ့တယ်လေ!"
အရောင်းဝန်ထမ်းရဲ့မျက်လုံးတွေက သူတို့နှစ်ဦးကြားမှာ တောင်ပြေးလိုက်၊မြောက်ပြေးလိုက် ဖြစ်နေပြီးနောက် သူက ကျူံးချန်းရှော်ကို 'နားလည်ပါတယ်'ဆိုတဲ့သဘော ပြုံးပြတယ်။
"ကိတ်မုန့်ဒီဇိုင်းက မျက်စိနောက်စရာ ကောင်းနေလို့လားဗျ? ကျွန်တော်တို့မှာ ဝယ်သူစိတ်တိုင်းကျ ဒီဇိုင်းဖော်ပေးတဲ့စနစ်ရှိ—"
ကျူံးချန်းရှော်: "ရတယ်..ငွေပဲပြန်အမ်းပေးပါ...ကျေးဇူး"
ယင်းရန်က တောက်တောက်ပပပြုံးလိုက်ပြီး..
"မအမ်းနဲ့နော်"
အရောင်းဝန်ထမ်းခမျာ ယင်းရန်အပြုံးမှာ မူးဝေသွားရတယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...