Part 35.1

147 16 0
                                    


Chapter 35: ရွှေရောင်လက်ချောင်း

မနက်၆နာရီတွင် ကောင်လေးနိုးလာသည်။

နူးညံ့သောနေရောင်ခြည်သည် သစ်သားအိမ်၏ ပြတင်းပေါက်များမှတစ်ဆင့် လင်းလက်နေပြီး ဖုန်မှုန့်များကို ၎င်း၏အလင်းတန်းနှင့် ထွန်းလင်းတောက်ပစေသည်။ အပြင်ဘက်တွင်လမ်းမကြီးပေါ်၌ ရံဖန်ရံခါဖြတ်သန်းနေသည့် ရထားတွဲများနှင့် နေသာသောနေ့တစ်နေ့ဖြစ်သည်။ အဝေးတွင် ပိရမစ်ပုံစံခေါင်မိုးတစ်ဝိုက် စုဝေးနေသောငှက်များနှင့် မြင့်မားသောရဲတိုက်ကြီးရှိသည်။

သူ့နှင့်မနီးမဝေးသောတွင် ကောင်းတင်းတင်းကကွေးနေကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

သူမအား အသက်16နှစ်ဟုဆိုသော်လည်း သူမမည်မျှသွယ်လျကာ ပိန်သည်အပေါ်အခြေခံ၍ သူမသည်အများဆုံး အသက်14နှစ်ရှိပုံရသည်။ ဤအရာကြောင့်ကောင်းတင်းတင်းသည် ကောင်လေးအားဤအဖော်ကို များစွာနှစ်သက်စေသော လူကြီးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာဖိနှိပ်ခြင်းမရှိပေ။

ကံမကောင်းစွာနှင့် သူသည်ဤကမ္ဘာသို့ရောက်လာကတည်းက ကောင်းတင်းတင်းမှလွဲ၍ အခြား"နိုင်ငံသားများ" ကိုမတွေ့ဆုံဖူးပေ။

ကောင်လေးနိုးပြီးသိပ်မကြာခင်ပင် စားသောက်ဆိုင်ထဲမှ စားပွဲထိုးရောက်လာသည်။ သူသည်သူ့လက်ကို အကြောဆန့်ကာ အခြားကမ္ဘာဘာသာစကားဖြင့် တတွတ်တွတ်ပြောနေပြီး ပိုက်ဆံတောင်းနေသည့်အလားကြည့်နေသည်။

ကောင်လေး-ဖုန်းချီ-သည် အိတ်သေးသေးလေးထဲတွင် အချိန်အတော်ကြာ လှန်လှောရှာဖွေပြီး အကြွေစေ့ဆယ်စေ့ကိုရေတွက်ကာ ဂရုတစိုက်ကမ်းပေးလိုက်သည်။ စားပွဲထိုးမှာစုပ်တစ်ချက်သပ်ပြီး ထပ်မံတတွတ်တွတ်ပြောကာ မပျော်မရွှင်ဖြစ်နေသည်။

နဂါးငယ်‌အောပီသည် သူ့ပခုံးပေါ်ရပ်နေသည်။ "သူ့ကိုအဖက်မလုပ်နဲ့။ ငါတို့ဘာပဲဖြစ်ဖြစ် ဒီကိုထပ်မလာတော့ဘူး"

၎င်းသည်မီးတောက်ငယ်ကို ပါးစပ်အပြည့်ထွေးထုတ်ကာ ၎င်း၏နှာခေါင်းအတွင်း၌ မီးတောက်များပေါ်လာစေသည်။ နေရောင်ထဲတွင် နဂါးငယ်ခန္ဓာကိုယ်၏ အဖြူရောင်အကြေးခွံများမှာ ပုလဲများကဲ့သို့တောက်ပသည်။

လူသားလိုမိစ္ဆာမျိုး...Wo Geschichten leben. Entdecke jetzt