Part 3.2
... ... .
ရှီအန်းအဆောက်အဦးကြီးဟာ အခုထိ လင်းထိန်နေဆဲ။
တစ်ညလုံး ခေါင်းပန်းလှန်ခဲ့ပြီးနောက် အာရုဏ်တက်လာတာကိုမြင်ခါမှ နှစ်ဖွဲ့စလုံးဟာ ဆင့်ခေါ်မန္တာန်တွေကို ရပ်စဲလိုက်ကြတယ်—မိစ္ဆာဝိညာဥ်ကဖြင့် လုံးဝပေါ်မလာခဲ့။ အမည်မသိအဖွဲ့က အရင်တပ်ဆုတ်သွားတာမို့ ဝန်ကြီးဖုလည်း ရှီအန်းအဖွဲ့ကို မန္တာန်အင်းချနေတာတွေ အဆုံးသတ်ခိုင်းလိုက်တယ်။
နေ့ဆိုင်းဆင်းမယ့်အမှုထမ်းတွေ ရောက်လာတာတောင်မှ ညဆိုင်းဆင်းထားတဲ့သူတွေခမျာ အခုထိမပြန်ရသေး။ 'မိစ္ဆာဝိညာဥ်ပေါ်လာခြင်း'က ကိစ္စကြီးဖြစ်တာကြောင့် လိုရမယ်ရ လူတိုင်း အသင့်အနေအထားနဲ့ ရှိနေဖို့လိုတယ်။ အမှုထမ်းတိုင်းဟာ နားနေခန်းက အိပ်ယာတွေ၊ ထိုင်ခုံတွေအကုန် နေရာရွှေ့ပြီး..ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ အားလုံးတပြေးညီ ပြဿနာဖြစ်ပွားတဲ့နေရာမှာ အိပ်ကြရတယ်။
ဝန်ကြီးဖုက မအိပ်ဘူး။ သူ ထိုင်ခုံပေါ် ပစ်ထိုင်ချလိုက်ပြီး tabletထဲက အစီအရင်ခံစာတွေဖတ်နေတယ်။
tabletရဲ့အလင်းရောင်က သူ့မျက်လုံးအောက်က မျက်ကွင်းညိိုညိုတွေကို အလင်းဟပ်တော့ လောလောလတ်လတ် မြေကြီးထဲကထွက်လာတဲ့ ဖုတ်ကောင်ကြီးနဲ့တူနေလေရော။
ရှီအန်းအဖွဲ့က အစိုးရပိုင်အဖွဲ့အစည်းဖြစ်တာကြောင့် ဟိုက်ကူမြို့အဖွဲ့ခွဲနဲ ဟိုက်ကူရဲဌာနက အမြဲတမ်း ပူးပေါင်းဆောင်ရွက်ကြတယ်။ စည်းမျဥ်းဥပဒေအတိုင်း တရားဝင်တောင်းဆိုသရွေ့ ရှီအန်းအဖွဲ့က ရဲစခန်းမှာရှိတဲ့အတွင်းသတင်းတွေကို ကြည့်ခွင့်ရှိတယ်။
ဥပမာပြရရင် အခုလိုပေါ့။
မနေ့ညက မိစ္ဆာဝိညာဥ်ပေါ်လာပြီး ဟိုက်ကူမြို့နဲ့ မြို့အနီးတဝိုက်က ဆင်ခြေဖုံးရပ်ကွက်တွေမှာ ပုံမှန်မဟုတ်တဲ့ မှုခင်း၃၅ခုဖြစ်ပွားခဲ့တယ်။ တစ်ညလုံး အလုပ်လုပ်နေပြီးနောက် ဝန်ထမ်းတွေက အရေးပေါ်အခြေအနေ၊ မိသားစုပဋိပက္ခတွေ၊ အချင်းချင်းရန်သတ်တာတွေ၊ ခိုးမှုတွေလို မဆိုင်တဲ့အမှုတွေကို ဖယ်ထုတ်လိုက်တော့ 'မူမမှန်ဖြစ်စဥ်'နဲ့ ဆက်စပ်နေသူ ၆ဦးသာလျှင် ကျန်ခဲ့တယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...