Part 15.2

815 136 2
                                    

Part 15.2

နောက်တော့ ယင်းရန်ကပြုံးပြီး ဓားနဲ့လူရဲ့ခေါင်းကိုဆွဲကာ နံရံနဲ့ပိတ်တိုက်ပစ်လိုက်တော့ သူသုံးလိုက်တဲ့အားက အနေတော်ပဲမို့ ဓားနဲ့လူဟာ တမဟုတ်ချင်း သတိလစ်သွားတယ်။

"အခုမှ တကယ် စိတ်ပျက်သွားတာ"

လက်နှစ်ဖက်ကိုဖုန်ခါပြီးနောက် ယင်းရန်က အရှေ့ကိုငုံ့ကိုင်းပြီး ကျူံးချန်းရှော်ရဲ့ဒဏ်ရာကို ဂရုတစိုက်ကြည့်လိုက်တယ်။

"မစိုးရိမ်ရပါဘူး..ဒဏ်ရာကတိမ်တယ်"

"သိတယ်"

15 03

"ကျူံးကော ဓားနဲ့အထိုးမခံရအောင် ကျွန်တော်ကူညီပေးလိုက်တယ်နော်...ကိတ်မုန့်ဖိုးဆပ်တယ်လို့ သဘောထား"

ယင်းရန် တော်တော်အခက်တွေ့နေတယ်။ သူ အစက ချောကလက်မုန့်ဝယ်ကျွေးခိုင်းမလို့။ အခုတော့ ဝယ်ကျွေးခိုင်းလို့ မရတော့ဘူးထင်ပါရဲ့။

"တကယ်တော့ သူ့ကိုအခုလေးတင်ရှာတွေ့တာ"

ကျူံးချန်းရှော်ဟာ မျက်မှန်ကသွေးတွေကိုသုတ်ရင်း ဟန်ဆောင်မှုကင်းတဲ့လေသံနဲ့ ဆက်ပြောတယ်။

"ခုနက မင်းသာ ငါ့ကိုလှမ်းမဆွဲရင် သူ့ကိုအဲ့ဒီနေရာမှာတင် ဖမ်းချုပ်နိုင်ခဲ့မှာ"

ပြောချင်တာက..သူ မလိုအပ်ဘဲ ဝင်ရှုပ်မိတယ်ပေါ့။ မဟုတ်ရင်..သူလည်း တစ္ဆေကိုဖမ်းမိ၊ ကျူံးချန်းရှော်လည်း ဒဏ်ရာမရဘဲ ဓားနဲ့လူကိုဖမ်းနိုင်ခဲ့မယ်ပေါ့။

ဘာလို့ စိတ်ထိခိုက်စရာတွေ လာပြောနေတာလဲ?

ယင်းရန်: "........."

ယင်းရန်: "ကျူံးကောကို တစ်ယောက်ယောက်များ ဒီလိုပြောဖူးလား..မင်းစရိုက်က အရမ်း—"

"လူဝင်မဆံ့ဘူးလို့လား? တော်တော်များများ ပြောကြပါတယ်"

ကျူံးချန်းရှော်က တည်ငြိမ်တဲ့မျက်နှာထားနဲ့ မျက်မှန်ပြန်တပ်လိုက်ပြီး...

"တော်သေးတာပေါ့..ငါလည်း လောလောဆယ် လူဝင်ဆံ့ဖို့မလိုလို့"

ဆိုလိုရင်းက အဲ့ဒါဟုတ်လို့လား?

သူအခု ခေါင်းမူးနေရတဲ့အကြောင်းအရင်းက မိစ္ဆာချီသုံးလိုက်မိလို့လား၊ သူ့တွဲဖက်ကြီး တစ်ကိုယ်တော်လေတိုက်​နေလို့လား..ယင်းရန်လည်း မသိတော့ဘူး။ နှစ်ခုလုံးပဲနေမှာပါ။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now