Part 22.2

616 87 1
                                    


ဘယ်လောက်ပဲ ရှုပ်ထွေးပွနေတဲ့ ပုံစံလို့ပြောပြော အဲ့အရာရဲ့ ဖွဲ့စည်းပုံကတော့ တကယ့်ကို လှတယ်လို့ပြောရမယ်။ မြင်မြင်ချင်းဆို ဒီအရာက ပျက်စီးနေတဲ့ "ဆယ်ပေ ခန်းစည်းလိုက်ကာ"ပန်းလိုလို တိရစ္ဆာန်တစ်မျိုးမျိုးရဲ့ ပိန်လှီးနေတဲ့ လှောင်အိမ်တစ်မျိုးမျိုးလို ဖြစ်နေလိမ့်မယ်။

. . . ခဏအတွင်းပဲ "ကြောင်"လို သတ္တဝါမျိုးနဲ့တူတဲ့ အမှတ်သညာ ဘာမှကို မကျန်တော့ဘူး။

အဲ့ဒီအရာထွက်လာတော့ ယင်းရန် မျက်လုံးမှေးကြည့်လိုက်တယ်။

[လှည့်ကွက်တစ်မျိုးတည်းကို ထပ်ခါထပ်ခါ သုံးတာ မကောင်းပါဘူး။ သိသာနေတာကြီးကို။ တကယ်လို့ စိတ်ကို လှည့်စားချင်ရင် သူတို့ရဲ့ အမှတ်တရ မှတ်ဉာဏ်တွေကို အရင် ဝင်ကြည့်ရတယ်။ လာပါ... ငါမင်းကို ငါ့အမှတ်တရတွေ ဖွင့်ပြပေးမယ်။]

ယင်းရန် မလှုပ်ရှားခဲ့ဘူး။ တစ်ခန်းလုံးမှာလည်း အဲ့ဒီအရာတွေနဲ့ ပြွတ်သိပ်နေခဲ့ပြီးတော့ ရှုပ်ထွေးစွာနဲ့ ယင်းရန်ကို ပိုးအိမ်လိုမျိုး ရစ်ပတ်နေခဲ့ကြတယ်။

စက္ကန့်ပိုင်းလောက်ကြာတော့.....

ခြေတံလက်တံတွေ အကုန်လုံးက မီးကို ထိလိုက်မိသလိုမျိုး ချက်ချင်းကို ကမန်းကတမ်းနောက်ပြန်ဆုတ်ကုန်ကြပြီးတော့ လေထုထဲမှာ ရပ်ကုန်ကြတယ်။

[ငါ့အမှတ်တရတွေက အဲ့လောက်တောင် စိတ်ဝင်စားစရာကောင်းတာတဲ့လား?]

"အား........အား.........အား!!!"

[ဘာပြောတယ်။ အပြင်မှာ တစ်ယောက်ယောက်စောင့်နေတယ် ဟုတ်လား။ ငါ့ရဲ့ အနိဌာရုံအစွမ်းကို မသုံးရုံပေါ့။]

ယင်းရန် ဓားနဲ့ ကစားနေတာကို ရပ်လိုက်ပြီးတော့ ဂါထာတချို့ကို တတွတ်တွတ်ရေရွတ်လိုက်တယ်။ အဲ့ဒီဂါထာတွေက မြန်မြန်နဲ့ စည်းချက်ကျလွန်းလို့ ရှေးခေတ်တွေတုန်းက ဇာတ်လမ်းကဗျာတစ်ပုဒ်ကို သယ်ဆောင်လာသလိုဖြစ်နေတယ်။ တကယ်လို့ ဖုရှင်းသာ ရှိနေခဲ့ရင် ပျိုးထောင်သူက ဒါကို ကြားတာနဲ့ သိမှာပဲ။ ဒါက လူတွေသုံးကြတဲ့ သမာရိုးကျနည်းတစ်ခုဆိုတာကတော့ သံသယဖြစ်စရာမရှိဘူး။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now