Part 5.2
"ဟုတ်ကဲ့ မတွေ့ပါဘူး! နှစ်ယောက်လုံးက စိတ်အခြေအနေတည်ငြိမ်နေပြီး ရှင်းရှင်းလင်းလင်း တွေးနိုင်စွမ်းရှိပါတယ်... ခန္ဓာကိုယ်မှာ ရှိတဲ့ မိစ္ဆာချီပမာဏကလည်း ပုံမှန်ပါပဲ"
"တခြားအမှုတွေကရော"
"ထူးခြားမှုမရှိသေးပါဘူး... တကယ်တော့ ဒီနှစ်ယောက်က ပုံမှန်အဖြစ်ဆုံးပါ"
"ပုံမှန်တဲ့လား"
လီညန်းက ဒီစကားတစ်ခွန်းကို ထပ်တလဲလဲရေရွတ်နေပြီးနောက်..
"အမည်မသိကောင်လေးမပြောနဲ့... ကျူံးချန်းရှော်တောင် 'ပုံမှန်'မဟုတ်ဘူး"
"မနေ့ညက ဝန်ကြီးဖု သူ့ကို အလိမ်ဖော်စက်နဲ့စစ်ခဲ့တာပါ"
"ငါတွေ့သားပဲ... 'အမှန်အတိုင်းပြောတယ်'ဆိုတိုင်း 'ကြိုတင်လေ့ကျင့်မထားဘူး'လို့ မဆိုလိုဘူး... ဖုရှင်ချွမ်းက အတိုက်အခိုက်သာတော်တာ... လူကဲခတ်တဲ့အပိုင်းမှာ အလေ့အကျင့်မရှိဘူး"
ပရော်ဖက်ဆာလီဟာ လက်ထောက်အမျိူးသားကို လှည့်ကြည့်လိုက်ပြီး တစ်ဖက်လူရဲ့ ကြောင်အမ်းအမ်း မျက်နှာပေးကို မြင်တော့ ဘာမပြေ၊ ညာမပြောနဲ့ ကျစ်ကနဲ စုတ်သပ်လိုက်တယ်။
"'မိဘတွေကိုစောင့်ရှောက်ဖို့'ဆိုတဲ့ ဆင်ခြေကိုဖယ်လိုက်ရင်.. အမှတ်မြင့်မြင့်တွေ ဂုဏ်ထူးတွေနဲ့ ဘွဲ့ရခဲ့တာတောင် ဆရာ့ဆန္ဒကို လွန်ဆန်ပြီး ပြန်လာတာရယ်... ဘွဲ့ယူပြီးတော့ သူတစ်ယောက်တည်း နိုင်ငံအနှံ့လျှောက်သွား.. ဝေးလံခေါင်သီတဲ့ တတိယတန်းစားမြို့တွေအထိ သွားခဲ့တာရယ်"
"ဟိုက်ကူကို ပြန်ရောက်လာတော့ သူယူထားတဲ့ဘွဲ့နဲ့မကိုက်ပေမယ့် ငါတို့နဲ့ အဆက်အစပ်ရှိတဲ့အလုပ်မှာ ဝင်လုပ်တာရယ်... မနေ့ညက မိစ္ဆာဝိညာဥ်တစ်ကောင် စည်းကျိူးပြီးလွတ်လာတယ်လို့ သံသယဖြစ်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကျူံးချန်းရှော် မိုးကြီးနေတဲ့ကြားက လမ်းပေါ်ရောက်နေတာရယ်... ဘယ်ကရောက်လာမှန်းမသိရတဲ့ အမည်မသိကောင်လေးနဲ့ သွားတိုးတာရယ်... မမေ့နဲ့ဦး..ဟိုက်ကူမြို့က အပြင်ပန်းကကြည့်ရင် နာမည်မကြီးဘူး... ဒါပေမယ့် မိစ္ဆာဝိညာဥ်တွေမွေးထုတ်ခဲ့တဲ့ တစ်ခုတည်းသောနေရာက ဒီနေရာပဲ"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...