Part 12.2

965 169 5
                                    

Pate 12.2

လျန်ရှန်း: "........"

နေတော့ဟာ

အဲ့ဒီ​နောက် ဆက်ပြောဖြစ်တဲ့အကြောင်းတွေက သိပ်တော့အကျိူးမဖြစ်ထွန်း။ လျန်ရှန်းကပဲ ရဲစခန်းမှာဖြစ်ခဲ့တာတွေထဲက စိတ်ဝင်စားစရာကောင်းတာတချို့ ရွေးပြောဖြစ်ခဲ့တယ်။ နောက်တော့ အချိန်လည်း မနည်းတော့တာရယ်၊ သုံးယောက်သားလည်း စားလို့သောက်လို့ ဝသွားတာရယ်ကြောင့် ဆိုင်ကထွက်လာ​ကြ​လေရဲ့။

သူတို့နေဖို့ လျန်ရှန်း အခန်းယူထားတဲ့ဟိုတယ်က ဟော့ပေါ့ဆိုင်နဲ့ တောတော်နီးပြီး သာမန်ညောင်ညဟိုတယ်သာဖြစ်တယ်။

အခန်းက အတော်အသင့်ကျယ်ဝန်းပြီး သန့်ရှင်းရေးသေချာလုပ်ထားတဲ့အပြင် ရနံ့သင်းသင်းလေးမွှေးတယ်။ ဆွတ်ဆွတ်ဖြူတဲ့အိပ်ယာခင်းတွေနဲ့ တစ်​ယောက်အိပ်ကုတင်နှစ်လုံးရှိပြီး အဲကွန်းက အေးမြမြလေတွေ မှုတ်ထုတ်နေတယ်။

ယင်းရန်မှာဖြင့် အေးခဲနေတဲ့ ကိုလာနှစ်ဘူးကိုင်ပြီး တံခါးဝမှာ အကြောင်သား...။

သူ အခန်းထဲအရင်ဝင်သွားပြီး အိပ်ယာပေါ်လှဲမလို့ကြံ​နေတုန်းရှိသေး..ကျူံးချန်းရှော်ရောက်ချလာပြီး သူ့ကို အပြင်ကန်ထုတ်လိုက်တယ်လေ။ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ကိုင်ထားတဲ့ ကျူံးချန်းရှော်က သူ့ကိုတံခါးဝအရောက် ပို့ပြီးတာနဲ့ အသည်းအသန်... သန့်ရှင်းရေးလုပ်ပါတော့တယ်။

ဝဲဘက်မှာ ပိုးသတ်ဆေးဘူး၊ ယာဘက်မှာ အရက်ပြန်စွတ်ထားတဲ့အဝတ်စနဲ့ ကိုယ်တော်ကြီးဟာ ဟိုတယ်ခန်းရဲ့ ​​ချောင်​ကြို​ချောင်ကြားပါမကျန် ပွတ်တိုက်၊ပိုးသတ်တဲ့အပြင် ​ရေချိူးခန်းကိုပါ သန့်ရှင်းရေးလုပ်ပြီး တစ်ခါသုံးတဘက်နှစ်ထည် ထည့်ထားခဲ့တယ်။

"အကြံတစ်ခုပေးမယ်..ဒီက ရေနွေးအိုးနဲ့ ရေနွေးတည်ပြီး မသောက်နဲ့"

သန့်ရှင်းရေးလုပ်လို့ပြီးသွားတော့ ကျူံးချန်းရှော်က မျက်မှန်ချွတ်ပြီး နဖူးကချွေးတွေသုတ်ရင်းပြောတယ်။

ယင်းရန်: ".....အင်းပါ"

သုံးဖြစ်မှာလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒီခေတ်လူတွေမှာ ဒါမျိူးလုပ်တဲ့အကျင့်ရှိတာလား? သူ ဘာလို့ မဟုတ်လောက်ဘူးလို့ ထင်နေပါလိမ့်?

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now