Part 17.2

751 126 0
                                    

Part 17.2

ကောင်းမုန်ယွီတိုက်ခန်းကို ဝါရင့်၊သမ္ဘာရင့်ကြီးတွေကိုယ်တိုင် သေချာ စစ်ဆေးပြီး​ပြီဆိုတာ သူမတို့အားလုံးသိတယ်။ ဒါကို ဒီဟာလေးနှစ်ကောင် ထပ်စစ်ဆေးချင်နေသေးတာကို မြင်ရတာ စိတ်ဝင်စားဖို့တော့ကောင်းသား။ သို့ပေမယ့် ဝန်ထမ်းအစ်မက ဘာမှမပြောဘဲ ခပ်ဖွဖွသာပြုံးနေတယ်။

"သဲလွန်စတွေရှာတွေ့ရင် အကြောင်းကြားဖို့မမေ့နဲ့နော်!"

အခန်း၁၄၁၃ရဲ့ မခံမရပ်နိုင်စရာအနံ့ဆိုးကြီးက လွင့်ပါးသွားတာကြာခဲ့ပြီ။ ကြမ်းပြင်ပေါ်မှာ အညစ်အကြေးတွေမရှိတော့သလို တဝီဝီပျံနေတဲ့ ယင်ကောင်တွေလည်း မရှိတော့ဘူး။ နွေးထွေးပြီးသန့်ရှင်းတဲ့ ပရိဘောဂတွေပဲ အိမ်ထဲမှာကျန်ခဲ့တယ်။ ပြတင်းပေါက်တွေ၊ အိမ်ယာခင်းတွေနဲ့ တခြားတိုလီမိုလီလေးတွေ အရင်အတိုင်းရှိနေသေးပုံက...မသိရင် ဒီအိမ်ပိုင်ရှင်က ယာယီအပြင်ထွက်သွားခြင်းသာဖြစ်ပြီး အချိန်မရွေး အိမ်ပြန်လာမယ့်အတိုင်း။

အိမ်အဝင်ဝမှာရပ်နေတဲ့ ကျူံးချန်းရှော်ဟာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်စိမှိတ်လျက်သားနဲ့ အိပ်ခန်းထဲဝင်သွားပြီး ကောင်းမုန်ယွီအိပ်ယာပေါ် လှဲအိပ်လိုက်တယ်။

ယင်းရန်: "???"

17 03

သူများအိပ်ယာတောင်မှ မိန်းက​လေးအိပ်ယာကြီးလေ! ဒီလုပ်ရပ်က မသင့်တော်ဘူးမလား?

ဒါတင်မဟုတ်သေး..ကျူံးချန်းရှော် ခြေလှမ်း.လှမ်းပုံကလည်း ထူးဆန်း​တယ်—ပေါ့ပါးပြီး နှေးကွေးတဲ့ခြေလှမ်း​တွေကို ကြည့်လိုက်ရင် သူ့ကို တစ်ခုခု ဝင်ပူးနေသလိုပဲ။

"သူ မနက်ခင်းမှာနိုးလာပြီးတော့ ရေတစ်ခွက်သောက်မယ်..ပြီးရင် အိပ်ခန်းလိုက်ကာတွေ ဖွင့်လိုက်မယ်"

ကျူံးချန်းရှော်က သဘာဝကျကျ မျက်စိဖွင့်ပြီး အိပ်ယာပေါ်က ထလိုက်တယ်။ နောက်တော့ လိုက်ကာမပိတ်ထားတဲ့ ပြတင်းပေါက်ဆီလျှောက်လာပြီး လိုက်ကာဆွဲဖွင့်သလို ဟန်လုပ်လိုက်တယ်။

သူ့လှုပ်ရှားမှုတွေဟာ ပေါ့ပါးနေဆဲ။ သတိနဲ့ နူးညံ့မှုနည်းနည်းလည်း ရောယှက်နေတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now