Part 8.2
ဦးထုပ်နီက တိုးတိုးလေးပြောတယ်။
"တင်းကြပ်တာ ကောင်းပါတယ်..ရှီအန်းက ကြောက်ခမန်းလိလိ လစာကောင်းနေတာ... အန္တရာယ်တော့ ဘယ်ကင်းလိမ့်မလဲ... ကိုယ်က ပေါ့ပေါ့လေးလုပ်လိုက်လို့ နောက်ပိုင်းပြဿနာတက်ရင် ထိခိုက်သွားမှာ သူများတွေလေ"
ယင်းရန် ခဏ အသိတိတ်သွားပြီးနောက် သက်ပြင်းချလိုက်ပြီး...
"လက်လေး တစ်ချက်လောက်ပြပါလား"
ဦးထုပ်နီက သူ့ကို ကြောင်တောင်တောင်နဲ့သာ ကြည့်နေတယ်။
"လက်ကဒဏ်ရာတွေ စိုးရိမ်ရလားကြည့်မလို့"
"နင်က ဆရာဝန်လား"
ဦးထုပ်နီက လိမ်လိမ်မာမာလေး လက်ကမ်းပေးရင်း မေးတယ်။
"မဟုတ်တဟုတ်ပေါ့"
ယင်းရန်ခေါင်းငုံ့လိုက်တော့ ဆံနွယ်ရှည်တွေက ပခုံးကိုကျော်ပြီး လျှောကျလာတယ်။ သူ ဦးထုပ်နီရဲ့လက်ကို တိုက်ရိုက်မထိဘဲ ခပ်ခွာခွာကနေပဲ ကိုင်ထားသယောင်လုပ်လိုက်တယ်။
ကုတ်အပြာပြောပုံအရဆိုရင် ဒီမိန်းကလေးက မှော်လက်နက်တွေလုပ်ဖို့ အထုံပါလာပုံရတယ်။ ရှီအန်းမှာ လစာဘယ်လောက်ကောင်းလဲ ယင်းရန်မသိဘူး။ ပက်ကျိအသေကောင်ရဲ့ မသန့်တဲ့သွေးတွေ လူ့အသားထဲစိမ့်ဝင်သွားရင် ရောဂါတစ်မျိူးမျိူး အမြစ်တွယ်ကျန်ခဲ့နိုင်တာပဲ သူသိတယ်။
မှော်ဝင်ပန်းထိမ်ဆိုတာ သိမ်မွေ့နူးညံ့တဲ့အလုပ်မျိူးဖြစ်တာမို့ ပန်းထိမ်သည်တစ်ယောက်က လက်တုန်လို့မဖြစ်ဘူး။
ယင်းရန်အသက်ရှူအောင့်ပြီး အာရုံစိုက်လိုက်တယ်။ လက်ဖဝါးပေါ်မှာ လေပြည်လိုညင်သာတဲ့ မှော်စွမ်းအင်တစ်ခုဖွဲ့စည်းပြီး အသားနက်နက်ထဲထိ စိမ့်ဝင်နေတဲ့ သွေးတွေကို သူ စုပ်ထုတ်လိုက်တယ်။ ကျန်နေခဲ့တဲ့ သွေးနည်းနည်းပါးပါးကိုတော့ စိတ်ပူစရာမလိုဘူး။
"မစိုးရိမ်ရပါဘူး"
သူဆက်ပြောတယ်။
"မြန်နိုင်သမျှမြန်မြန် ဆေးထည့်ဖို့မမေ့နဲ့... ကိုယ့်ကိုကိုယ်လည်း အရမ်းတွန်းအားမပေးနဲ့ဦး"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...