Chapter 28: အလောင်းခွဲစိတ်ခြင်းရလဒ်များ
အလွန်နောက်ကျနေသောကြောင့် နှစ်ယောက်သားကမှုခင်းနေရာသို့ တက္ကစီစီးသွားရသည်။
ကျုံးချန်ရှိုသည် သေသပ်စွာသန့်ရှင်းထားသော်လည်း သူ၏ဖြစ်တည်မှုတစ်ခုလုံးမှာ သူသည်သေတော့မည့်အလား အသက်ရှူကာစွဲကပ်နေသည်။ ယင်းရန်သည်ဤကဲ့သို့ သူ့အားမကြည့်နိုင်သောကြောင့် သူသည်ကျုံးချန်းရှော်၏နှာခေါင်းအောက် အညိုရင့်ရင့်ပစ္စည်းကိုထားလိုက်သည်။
"ဒါကဘာလဲ"
"မကောင်းဆိုးဝါးရဲ့ စပ်ပြဲတဲ့ဘဲတောင်ပံတွေပဲ။ ငါဒါတွေကိုဒီညပဲဝယ်လာတာ" ယင်းရန်သည် သူ၏အစားအသောက်အချို့နှင့် တွန့်ဆုတ်စွာခွာလိုက်သည်။ "ငါဒါကိုမထိရသေးဘူး။ နည်းနည်းစားလိုက် ဒါဆိုရင်မင်းကိုယ်မင်း လန်းဆန်းသွားနိုင်တယ်"
၎င်းသည်ရီဝေဝေသို့မဟုတ် စိတ်ဆုံးဖြတ်ထားခြင်းကြောင့်လား သူမသိသော်လည်း ကျုံးချန်းရှော်သည်တကယ်ပင် ဘဲတောင်ပံကိုဆုပ်ကိုင်ကာ ကြက်သီးမွေးညှင်းများထသွားစေသော တစ်ကိုက်ကိုက်လိုက်သည်။
ပုံမှန်အတိုင်းသူ၏ဝိညာဉ်မှာ အတူတူဖြစ်ကာ သူ၏မျက်လုံးများပင်လျှင် လုံးဝသေနေသည်။
သူတို့ကားမှထွက်မသွားမချင်း ကျုံးချန်းရှော်မှာ အရူးအမူးအသက်ရှူနေသည်။ သူသည်ကျန်ရှိနေသော ဟင်းသီးဟင်းရွက်ပြုတ်အစပ်ကို စားပစ်လိုက်သောကြောင့် ဤနောက်ကွယ်မှတရားခံမှာ နောင်တရနေသည်။
သူတို့သည်မြင်ကွင်းသို့ ချဉ်းကပ်လာသောအခါ သူတို့နှစ်ယောက်မှာ ရှန်မှပေးထားသော တစ်ဖက်တည်းပါသည့်နားကြပ်များကို ဝတ်ဆင်လိုက်ကြသည်။ ခဏကြာပြီးနောက် လုရှောင်ဟယ်၏အသံထွက်လာသည်။
"မင်းတို့နှစ်ယောက် နေရာကိုရောက်တော့မယ်လို့ငါထင်တယ်။ နောက်ထပ်မီတာ၉၀၀ဆီသွားပြီး ညာဘက်လှည့်လိုက်။ ငါရဲနဲ့စစ်ဆေးရမှာရှိတယ်။ မင်းတို့မှုခင်းနေရာဆီ တိုက်ရိုက်ဦးတည်လာနိုင်တယ်"
"ကျွန်တော်တို့က စီအဆင့်စုံစမ်းရေးအသင်းဆီ ရာထူးတိုးသွားတာလား။ ကျွန်တော်တို့က မှုခင်းအရေးတွေကိုတောင် စစ်ဆေးခွင့်ရတာလား"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...