Part 20.2

681 115 0
                                    


"အဲ့ဒီအကြည့်က ဘာသဘောလဲ? ဟောဒီသခင်ကြီးကလည်း မင်းတို့လို ရောင်းကုန်တွေကို ကြည့်မရပါဘူး"

ဝမ့်ချန်းတစ်ယောက် လည်ပင်းကြီးတဆန့်ဆန့်နဲ့ မျက်နှာ​ကြောပါ တင်းမာလာတယ်။

ဟိုဟိုဒီဒီလွင့်စင်နေတဲ့ တံတွေးတွေက ယင်းရန်ရဲ့သိုးသားကင်ပေါ်ကိုပါ တချို့တဝက် လာစင်လေရဲ့။

ယင်းရန်ရဲ့အပြုံးလေး အေးခဲသွားပြီး သူ အားနဲ့ ညှစ်လိုက်တာကြောင့် တူနှစ်ချောင်း ဖျောက်ကနဲကျိူးသွားတယ်။ သရဲဘုရင်ကိုယ်တော်ကြီး ဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့ သိုးသားကင်လေးကို နှုတ်ဆက်ခွဲခွာနေချိန်..ခေါင်းထဲမှာတော့ ဝမ့်ချန်းကိုအပြတ်ရှင်းဖို့ နည်းလမ်း၁၀၈သွယ်ကို ပုံဖော်နေပြီ။

ရှိစေတော့။ လူသတ်တာ ဥပဒေနဲ့မှမညီပဲ။ ဒါကြောင့် သွယ်ဝိုက်တဲ့နည်းလမ်းရှာရမယ်...

ကျူံးချန်းရှော်: "ပြန်တောင်းပန်"

ရုတ်တရက် ကျူံးချန်းရှော်ရဲ့စကားသံ ကြားလိုက်ရတော့ ယင်းရန် အံ့သြတကြီး လှည့်ကြည့်မိတယ်။

"ဘာလို့လဲ? မင်းမယားငယ်မို့လို့လား?"

ဝမ့်ချန်းက ကျူံးချန်းရှော်ကို ပြုံးဖြဲဖြဲနဲ့ပြန်မေးတယ်။

ကျူံးချန်းရှော်ကဖြင့် တည်ငြိမ်နေဆဲ။

"ဝမ့်ချန်း..မတ်လ၁၆ရက်၊ ၂၀xxမှာမွေးတယ်..Dနယ်က လာတယ်..၂၀x၄နဲ့၂၀x၆မှာ အမျိူးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားလို့ ၂​ကြိမ် ထောင်ထဲဝင်ရတယ်"

ဝမ့်ချန်းရဲ့မျက်နှာပေးဟာ ရုတ်ချည်းပြောင်းလဲသွားတယ်။ သူ ယင်းရန်ရဲ့ဆံနွယ်ရှည်ကို ကတုန်ကယင်နဲ့ လက်ညှိုးထိုးပြီး...

"မင်းတို့က ရဲတွေလား? မဖြစ်နိုင်တာ..ရဲတွေက သူ့လိုပုံစံနဲ့ နေလို့မရပါဘူး"

"အဲ့ဒါ ဆံပင်အတု"

အတည်ပေါက်ကြီး ပြောချလိုက်လေတဲ့ ကျူံးချန်းရှော်။

ယင်းရန်: "?"

အဲ့ဒီနောက် ကျူံးချန်းရှော်က မျက်မှန်ပင့်တင်လိုက်ပြီး...

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now