Part 17.1

862 128 2
                                    

Part 17.1

အခန်း (၁၇)

လူသတ်ငွေ့

သူတို့ကို နားရက်ပေးမယ်ဆိုတဲ့စကား ကြားကြားချင်း ယင်းရန်မပျော်ဘူး။

သူတို့ခမျာ ညစာစားနေတုန်း ဒီအကြံအစည်​လေးရလိုက်တာကို တစ်ချိန်လုံး လမ်းမှားကြီးအတိုင်း လိုက်နေမိခဲ့တယ်တဲ့—အနည်းဆုံးတော့ ရှီအန်းက အဲ့လိုထင်နေတယ်။ စတာ ၁ရက်/၂ရက်ပဲရှိသေးတဲ့ စစ်ဆေးရေးကို အခုပဲရပ်ရတော့မယ်။ ဒီကြားထဲမှာ စည်းကမ်းဖောက်မိထားတာတွေလည်း ရှိသေးတယ်။ ရှီအန်းဘက်က သူတို့ကို တကယ်ရော အစမ်းခန့်ကာလကိုကျော်ပြီး အလုပ်တန်းခန့်ပါ့မလား?

ကျူံးချန်းရှော်ဆိုရင် ခေါင်းအစ၊ခြေအဆုံး စိတ်ပျက်မှုတွေနဲ့ ဖုံးနေပြီ။ စားပွဲဆီပြန်ရောက်လာတော့ သူ့​စားပုံသောက်ပုံတွေတောင် အများကြီးအားလျော့သွားတယ်။

ညစာစားပြီးသွားတော့ သူတို့အချင်းချင်း ဆက်သွယ်လို့ရမယ့် အကောင့်တွေ၊ဖုန်းနံပါတ်တွေ လှဲလှယ်လိုက်ပြီး လင်းပေ့က အလုပ်ရှိသေးတာမို့ taxiငှားပြီး စတူဒီယိုဆီပြန်သွားတယ်။

"လမ်းလျှောက်ရအောင်"

အကြံပေးလိုက်သူက ယင်းရန်။

စားသောက်ဆိုင်က မြစ်ကို မျက်နှာမူထားတယ်။ မြစ်ရေပြင်မှာ အိမ်ပေါင်းများစွာရဲ့ လျှပ်စစ်မီးရောင်တွေ ရောင်ပြန်ဟပ်နေပြီး မြစ်လေညင်းအေးအေးကလည်း ညှို့ဓာတ်အပြည့်နဲ့။ ပိုအရေးကြီးတာက...ကြောင်လေးတစ်ကောင် အမွှေးရိတ်ခံထားရသလိုဖြစ်နေတဲ့ ကျူံးချန်းရှော်ပါပဲ။ သူ့ခမျာ ရှုပ်ထွေးနေတာကတစ်ဝက်၊ အတွေးလွန်နေတာကတစ်ဝက် ဖြစ်နေရှာတယ်။

ယင်းရန်မှန်းထားတဲ့အတိုင်းပဲ..ကျူံးချန်းရှော်က မငြင်းဘူး။ အခုအချိန်မှာ သူ 'တိုက်ပေါ်ကခုန်ချရအောင်'လို့ ပြောရင်တောင် ကျူံးချန်းရှော်က သူ့ကိုယ်သူတောင်မသိလိုက်ဘဲ 'အင်း'လို့ပြန်ပြောချင်ပြောမှာ။

"လျန်ရှန်းပြောသွားတဲ့အထဲမှာ ကျွန်တော်နားမလည်လိုက်တာ တစ်ခုရှိတယ်''

ညလေ​ပြေကြောင့် ချမ်းမြေ့သွားတဲ့ ယင်းရန်က ဘာရယ်မဟုတ် စကားစရှာ​ပြီးပြောလိုက်တယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now