Chapter 34: ဖြတ်ကျော်ခြင်း
တနင်္လာနေ့။
ယင်းရန်သည်လုရှောင်ဟယ်အား အလန့်တကြားကြည့်လိုက်သည်- သူမအားပိတ်ရက်တစ်ခုစာ မတွေ့ရပြီးနောက် သူမမှာအိပ်ရေးပျက်ခြင်းကြောင့် မျက်လုံးအောက်တွင် မျက်ကွင်းညိုလာပြီး ဝန်ကြီးဖုနှင့်အနည်းငယ်ဆင်တူသည်။
ထို့ပြင်အကြောင်းပြချက်အချို့ကြောင့် ပရော်ဖက်ဆာလီနျန်သည်လည်း သူတို့၏ရုံးခန်းထဲထိုင်နေသည်။
ပရော်ဖက်ဆာလီသည် လက်ပိုက်ထားကာ အမူအရာကင်းမဲ့သည်။ သူသည်သူ့လက်ထဲမှ အပူခံခွက်ကိုလှည့်လိုက်ပြီး မြေပြင်ကိုငုံ့ကြည့်ကာ သူတို့အားကြည့်ရန်ပင် စိတ်မကူးထားပေ။
ရှီအန်းရဲ့ခေါင်းဆောင်ကြီးတွေက အရမ်းတည်ငြိမ်တာလား။ ဖုရှင်းချွမ်သည် မနေ့ကသူတို့အား ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ပြီးနောက် သူ၏ပါတနာမှာသူတို့အား စိတ်ပိုင်းဆိုင်ရာနှိပ်စက်တော့မည်လား။ သိပ္ပံစာတိုက်မဟုတ်သော ဖုရှင်းချွမ်နှင့်ယှဉ်ပါက ယင်းရန်မှာမည်သူက ဆက်ဆံရပိုခက်သည်ကိုမသိပေ။
"မင်းတို့ဒီကိုရောက်ကြပြီပဲ" လုရှောင်ဟယ်တွင်သူမလက်ထဲ၌ အားဖြည့်အချိုရည်ဘူးနှစ်ဘူးရှိသည်။ "သူငယ်ချင်းတို့၊ ငါ့မှာသတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်ကြလဲ"
ယင်းရန်: "သတင်းဆိုး"
ကျုံးချန်းရှော်: "သတင်းကောင်း"
သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ယင်းရန်: "ဟုတ်ပြီ။ သတင်းကောင်းကို အရင်နားထောင်ရအောင်"
လုရှောင်ဟယ်သည် အဝေးထိန်းခလုတ်ကို အားပျော့စွာလှုပ်ခါလိုက်သည်။ ဒေတာအပြည့်ရှိသော မူရင်းဖန်သားပြင်များအား ဂိမ်းဖန်သားပြင်အခွဲအဖြစ် ဖြတ်တောက်လိုက်သည်။
ဂိမ်းဖန်သားပြင်သည်ကြမ်းတမ်းပြီး ပုံရိပ်ဒြပ်စင်များဖြင့်ပြုလုပ်ထားသည့် တစ်ဝက်သုံးဖက်မြင်သက်ရောက်မှုကဲ့သို့ ဆင်ထားခြင်းမဟုတ်ပေ။ ဂိမ်းအနုပညာသည် အတွေ့အကြုံ သို့မဟုတ် ရလဒ်ကောင်းမရှိဘဲ ဂန္တဝင်ပန်းချီပုံစံနှင့်သက်ဆိုင်ကာ မြင်သာထင်သာရှိရုံသာဖြစ်သည်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...