Part 13.2
ကောင်းမုန်ယွီပျောက်သွားတဲ့ပုံက မသင်္ကာစရာအပြည့်ပဲ။ tvမှာလာတဲ့ဇာတ်လမ်းတွေအရဆို ကြောင်က မိစ္ဆာ၊ဘာညာ ဖြစ်နေလောက်ပြီကို။
အရင်ကဆိုရင် သူတာဝန်ယူပေးရတဲ့ ကျင့်ကြံသူအသစ်လေးတွေကို မိစ္ဆာဖြစ်စဥ်တွေအကြောင်း သူပဲရှင်းပြနေကျ။ ယင်းရန်လို ဘာမှမမေးတဲ့လူမျိူးနဲ့ သူအသားမကျဘူး။
ယင်းရန်အံ့သြသွားတယ်။
"လျန်ကော..မိစ္ဆာဖြစ်ဖို့ လွယ်တာမဟုတ်ဘူး...ကြောင်တွေ ခွေးတွေမပြောနဲ့..လူတောင်မှ သေသွားတာနဲ့ မိစ္ဆာတန်းဖြစ်ဖို့ခက်တယ်...အဲ့ဒီအပိုင်းတွေက ကံနဲ့ပဲဆိုင်တာ...ကြောင်တစ်ကောင် လည်ပင်းညှစ်သတ်ခံရလို့ မိစ္ဆာဖြစ်တယ်ဆိုရင် သားသတ်ရုံမှာ စည်ကားနေတော့မှာပေါ့"
လျန်ရှန်းခမျာ ဆို့နင့်သွားရတယ်။ အဲ့ဒီအကြောင်းတွေ သူသိတာပေါ့...ဒါပေမယ့် ရှင်းပြတဲ့လူက သူဖြစ်သင့်တာလေ! ဒီဟာလေး ဗိုလ်နေမြဲ၊ကျားနေမြဲဆိုတာကို နားမှလည်ရဲ့လား?
"ဒီတော့ အခုလက်ရှိ ကျွန်တော်တို့ သိထားတာက..."
ကျူံးချန်းရှော်က အဓိကအချက်တွေကို အကျဥ်းချုပ်လိုက်တယ်။
"ဒီအမှုမှာ သဘာဝလွန်ဖြစ်ရပ်တွေ မပါဘူး..မသင်္ကာသူလည်းမရှိဘူး... 'dimension'နဲ့ဆက်စပ်နေတဲ့ သဲလွန်စများ ရှာတွေ့သေးလား?"
"ငါ မနေ့ညက အထက်ကိုတင်ပြလိုက်ပြီ...dimensionပွင့်မပွင့်စစ်ဖို့ အထူးသီးသန့်ကိရိယာတွေလိုတယ်...ဒီနေ့လည်လောက် စစ်ခွင့်ချပေးမယ်ထင်တာပဲ"
ကျူံးချန်းရှော်: "လောလောဆယ် ဘာမှမယ်မယ်ရရ လုပ်စရာမရှိဘူးဆိုတော့ ကောင်းမုန်ယွီဖုန်းကို ကြည့်လို့ရလား?"
ဝန်ထမ်းကောင်းတစ်ယောက် ပြုမူနေထိုင်သင့်တာ ဒီလိုပုံစံမှအစစ်။ လျန်ရှန်း သက်ပြင်းချလိုက်မိပြီး..
"ဒီမှာ..ဒါcopyကူးထားတာ...သူ့ဖုန်းက အရေးကြီးတဲ့ ရုပ်ဝတ္ထုသက်သေဆိုတော့ ပွားထားတာပဲ ကြည့်လို့ရမယ်"
ရလဒ်အနေနဲ့ဖြစ်လာတာက..လူသုံးယောက် စင်္ကြံလမ်းမှာ အတန်းလိုက်ထိုင်ပြီး ဖုန်းကလိနေတဲ့မြင်ကွင်းပါပဲ။ အထဲမှာ သဲလွန်စရှာရင်းအလုပ်ရှုပ်နေတဲ့ ရဲနှစ်ယောက်က အပြင်ကသုံးကောင်ကို မသိမသာရွံရှာနေတဲ့အကြည့်တွေနဲ့ လှမ်းကြည့်လေတယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...