Part 7.1

1.2K 183 2
                                    

Part 7.1

အခန်း (၇)

ဝင်ခွင့်စာမေးပွဲ

ဝင်ခွင့်ဖြေမယ့်သူက ယင်းရန်နဲ့ကျူံးချန်းရှော်အပြင် တခြား၄ယောက်ရှိသေးတယ်။

စာမေးပွဲခန်းထဲက မိစ္ဆာချီတွေထွက်လာတော့ သူတို့၄ယောက်ထဲက ၂ယောက်ဟာ မျက်နှာအမူအရာတွေ ပြောင်းသွားတယ်–သူတို့နှစ်ဦးရဲ့ရုပ်ရည်က သာမန်ပဲ။ တစ်ဦးက အပြာရောင်ကုတ်လက်တိုနဲ့ ယောကျာ်းဖြစ်ပြီး နောက်တစ်ဦးက ဆံပင်အကောက်တွေပေါ်မှာ ဦးထုပ်နီလေးဆောင်းထားတဲ့ မိန်းမဖြစ်တယ်။

သူတို့ချင်း မသိမသာပူပန်​နေတဲ့ အကြည့်တွေ ဖလှယ်နေပုံအရတော့ ကုတ်အပြာနဲ့ဦးထုပ်နီက အချင်းချင်း သိနေပုံရတယ်။

ဈေးငယ်တွေမှာ ရောင်းတတ်တဲ့ ကျောက်စိမ်းပြားတွေ၊ ရောင်စုံဆွဲသီးတွေနဲ့ မသင်္ကာစရာ သစ်သားပုတီးစေ့တွေလို တန်ဆာပလာတွေဟာလည်း သူတို့ကိုယ်မှာအပြည့်။ တန်ဆာပလာတွေကို အစုလိုက်တွဲချည်ထားလေတော့ သူတို့နှစ်ဦးလှုပ်ရှားလိုက်တိုင်း ဂလောင်ဂလောင်အသံတွေ ထွက်နေတယ်။

ယင်းရန် စိတ်ဝင်တစား ချောင်းကြည့်မိတယ်။ အဲ့ဒီပစ္စည်းတွေကနေ မှော်စွမ်းအင်နည်းနည်း ထွက်နေတာမို့ အဆင့်နိမ့်မှော်လက်နက်တွေပဲ ဖြစ်လိမ့်မယ်။

ကျင့်ကြံရေးလမ်းစဥ်ပေါ် လျှောက်လှမ်းခါစလူတွေက ဒါမျိူးတွေ သုံးရတာကြိုက်တယ်။ နှစ်ထောင်ချီ ကြာခဲ့တာတောင် ဒီရိုးရာက သိပ်မပြောင်းလဲသေး။ အဲ့ဒီလိုမှော်ပစ္စည်းတွေက စသုံးဖို့လွယ်ပြီး ဝတ်လိုက်တိုင်း ရွှင်ပြတဲ့အသံလေးတွေ ထွက်နေတာမို့ သတ္တိခွန်အားတွေတိုးဖို့ ကူညီပေးတယ်။

ကံဆိုးစွာနဲ့ပဲ..ဒီနှစ်ဦးရဲ့သတ္တိက သိပ်ခွန်အားမကောင်းဘူး။ တုန်လှုပ်နေတဲ့အမူအရာတွေနဲ့ သူတို့​အချင်းချင်း တီးတိုးပြောနေပြီးနောက် နောက်ဆုတ်သွားကြတယ်။

သို့​ပေမယ့် ယင်းရန်တစ်ယောက် ခေါင်းလှည့်လိုက်ချိန်မှာ တစ်ခုခုမှားနေတာကို သိလိုက်ရတယ်။

ခဏလေး စိတ်အာရုံလွင့်နေတုန်းရှိသေး အခု ရှေ့ဆုံးက စာမေးပွဲဖြေရမယ့်လူက သူဖြစ်နေပြီ– သူ မလှုပ်ရှားတာကို မြင်တော့ ကျူံးချန်းရှော်က အလိုက်တသိနဲ့ သူ့နောက်မှာ ရပ်လိုက်သတဲ့လေ။ တခြားသူတွေလည်း ဦးဆောင်မယ့်သူရှိတာ မြင်တော့ တပျော်တပါးကြီး သူ့နောက်မှာ ဝင်တန်းစီလိုက်ကြတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now