Part 39.1

59 7 0
                                    


Chapter 39: နဂါးနှင့်သေဆုံးခြင်း

အခြားကမ္ဘာ၏ညဘက်မြင်ကွင်းမှာ လှပနေသော်လည်း ကလေးနှစ်ယောက်မှာ ၎င်းအားကြည်နူးရန် အချိန်မရှိပေ။

ဖုန်းချီပြောပုံအရ အနက်ရောင်ဈေးကွက်ခေါင်းဆောင် ဖယ်ပါးဖာ၏နေအိမ်တစ်ဝိုက် လူများစွာရှိသည်။

"သူတို့ကသူရဲကောင်းတွေ ဒါမှမဟုတ် ပေါင်းစည်းထားတဲ့ သူရဲကောင်းနှစ်မျိုးပဲ"

ဖုန်းချီသည် သူ့‌လက်ချောင်းများနှင့် စတင်ရေတွက်ကာ ချုံပုတ်များထဲထိုင်ချလိုက်သည်။

"ဖယ်ပါးဖာရဲ့ ကိုယ်ပိုင်နေအိမ်ထဲမှာ တရားရုံးမှော်ဆရာအများကြီးနဲ့ အနက်ရောင်မှော်ဆရာတောင်ရှိတယ်...ဟာ၊ ဖျက်ဆီးခြင်းနဂါးရဲ့အကြေးခွံက ဘယ်လိုဖြစ်ပြီးရဖို့ အရမ်းလွယ်နိုင်တာလဲ။ ငါတို့ကလျှို့ဝှက်ထားတဲ့ ဇာတ်ကွက်ကိုပိတ်ဆို့နေတယ်"

သူ့မျက်နှာမှာညစ်ပတ်ကာ သူ့ရင်ဘတ်ပေါ်မှအထည်အား ခြောက်သွေ့‌သွားသော ပြည်နှင့်သွေးတို့ဖြင့် စိုရွှဲနေသည်။ ကောင်လေး၏မျက်ဆံများမှာ ကြာရှည်စွာပျက်စီးထားသည့် အလောင်း၏မျက်လုံးများကဲ့သို့ လုံးဝပျက်စီးကာရွှံထူနေသည်။

သူ့နှလုံးခုန်သံမှာ လျင်မြန်ကာဖျော့တော့နေပြီး သူ့အသက်ရှူသံမှာ ‌ချိုမြိန်သောသွေးများနှင့်ပြည့်နေသည်။

ကောင်းတင်းတင်းက သက်ပြင်းချလိုက်သည်။ "ငါနောက်ပြီးရင် ဘာလုပ်သင့်လဲ"

ထူးဆန်းသည်။ သူမဘယ်အချိန်က နောက်ဆုံးစားခဲ့သည်ကို‌ မေ့သွားပြီဖြစ်သော်လည်း သူမကလုံးဝဗိုက်မဆာဘဲ ယခင်ကထက် ပို၍ပင်ကောင်းလာသည်။

"မူလအစီအစဉ်အတိုင်းသာ ဆောင်ရွက်လိုက်။ အစ်မ၊ကြည့်ဦး။ သူရဲကောင်းတွေက ချုံချိုနေကြတယ်။ ဖယ်ပါးဖာကဘယ်မှာပုန်းနေလဲ သူတို့မသိဘူး။ အရင်ခိုးဝင်ပြီး အကြေးခွံကိုခိုးရအောင်"

"အကြေးခွံဘယ်မှာလဲဆိုတာ မင်းသိတာလား"

"နည်းနည်းခံစားလို့ ရနိုင်တယ်မလား အော်ပီ" ကောင်လေးသည် သူ့လက်မောင်းထဲမှနဂါးငယ်ကို တင်းကျပ်စွာဖက်လိုက်သည်-အကြောင်းပြချက်အချို့ကြောင့် ၎င်းသည်နောက်ထပ် မပျံသန်းနိုင်တော့ပေ။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now