Part 3.1

1.6K 225 3
                                    

Part 3.1

အခန်း (၃)

မသင်္ကာစရာလူ

'လူတွေ'အများကြီးမို့ ပွဲစည်သလားတော့မပြောတတ်..နာကျည်းချက်ပလုံးတွေက တစ်ကိုယ်တော်လေလွင့်နေတဲ့ အပူသည်သရဲတွေထက် ပိုပြီးရန်လိုတယ်။ သက်ရှိတွေရဲ့ အပျက်သဘောဆောင်တဲ့ခံစားချက်တွေကို မက်မောတောင့်တပြီး လူသားတွေကို သူတို့ကိုယ်လုံးကြီးနဲ့ ရစ်ပတ်ကာ ကြံစုပ်သလို အာဟာရဓာတ်တွေကို စုပ်ယူတတ်တယ်။

ဖော်ပြချက်ကို ကြည့်ရုံနဲ့တင် သာယာနာပျော်ဖွယ် အတွေ့အကြုံမျိူး မဖြစ်နိုင်တာကို သိကြပါလိမ့်မယ်။ 'နောက်ဆက်တွဲ-အကျိူးဆက်'အနေနဲ့ အဝါးခံရသူရဲ့အခြေအနေအရပ်ရပ်ပေါ် မူတည်ပြီး သာမန်နေမကောင်းဖြစ်တာ၊ ဒါမှမဟုတ် အကြီးအကျယ်ကပ်ဆိုက်တာမျိူးတွေ ဖြစ်တတ်တယ်။

သိသာတာကတော့ နာကျည်းချက်ပလုံးက ဒီီကိုအစာရှာထွက်လာတယ် ဆိုတာပါပဲ။

အဆိုပါပလုံးကြီးက သူတို့ရှေ့ရောက်တာနဲ့ တုံ့ကနဲရပ်သွားတယ်။ ကံကောင်းချင်တော့ ကြောက်ရကောင်းမှန်း အလိုလိုသိတယ်။ ကံဆိုးချင်တော့ ဉာဏ်မမှီလို့ မျက်လုံးတွေပါ ချာလပတ်လည်ကုန်ပြီး ဘာကိုကြောက်လို့ကြောက်ရမှန်း နားမလည်ဘူး။

နောက်ဆုံးတော့ ပိုပြီးပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့ 'လူ'ကိုပဲ အန္တရာယ်ပြုတော့မယ်လို့ ဆုံးဖြတ်ပြီး သူ့ကိုယ်ကြီးကို သတိနဲ့လှုပ်ရှားလိုက်တယ်။

နာကျည်းချက်ပလုံးဟာ တွန့်သွားပြီး လက်တွေနဲ့ကွယ်နေတဲ့မျက်နှာကြီးဆီက အသက်ရှူသံပြင်းပြင်းထွက်လာတယ်။ ညှီနံ့ဖျော့ဖျော့ကလည်း မိုးရေရဲ့ညှီနံ့နဲ့ ရောထွေးနေတယ်။ အဲ့ဒီနောက် သူ့ဧရာမခန္ဓာကိုယ်ကြီးကို ဆန့်ထုတ်လိုက်တော့ ကိုယ်လုံးရဲ့အရှေ့ပိုင်းက အရှိန်နဲ့ခုန်ထွက်လာပြီး မသိမသာကွေးထားတဲ့ လက်လိုပုံစံကြီးကလည်း သူများအနားကိုတိုးကပ်ပြီး ကြောက်မက်ဖွယ်ရာတွေကို တီးတိုးပြောတော့မယ့်ဟန်။

​ပြီးတာနဲ့ ယင်းရန်အရှေ့ကလူငယ်လေးဆီကို တန်းတန်းမတ်မတ်ကြီး ပြေးလာတယ်။

ပလုံးကြီးဟာ လူငယ်လေးရဲ့ကိုယ်ကို ထွေးပတ်လိုက်ပြီး တစ်ခုခုကို အစာချေနေသလို တွန့်လိမ်နေတယ်။ လူတစ်ယောက်က မျက်နှာနဲ့ လက်နှစ်ဖက်ကလွဲပြီး ကျန်တဲ့နေရာတွေအကုန် သူ့ကိုယ်ကြီးထဲမှာ မြုပ်ဝင်နေတော့ မြင်ရတာ မဟုတ်မဟတ်၊ ကို့ရို့ကားယားကြီးကို ဖြစ်လို့။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now