Part 4.2
ယင်းရန်ကတော့ သတိကြီးကြီးထားနေတဲ့ ဝန်ကြီးဖုနဲ့ ခြားနားစွာ ပေါ့ပါးနေတယ်။
အကျဥ်းကျခဲ့တဲ့နေရာမှာဆိုရင် စိုထိုင်း၊ ထူထဲလှတဲ့ အမှောင်ထုကြီးနဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့ အလောင်းတွေပဲရှိတယ်။ ဒီမှာတော့ သူ့ကို တစ်ကိုယ်လုံးစမ်းသပ်စစ်ဆေးပြီးတာနဲ့ ရေနွေးနဲ့ရေချိူးဖို့ ဝန်ထမ်းတွေက လာခေါ်သတဲ့။ အခုဆို ယင်းရန်တစ်ယောက် သင်ပေးစရာမလိုဘဲ ရေနွေးဘုံပိုင်ခေါင်း သုံးနည်းတောင် သိနေပြီ။
ရေနွေးဘုံပိုင်ခေါင်း—မှော်ဆန်တယ်။ ဆံပင်မှုတ်စက်—အံ့သြဖွယ်အတိ။ ဒီလောက်ကောင်းတဲ့ခေတ်ကြီးကို သူ့ဦးနှောက်ထဲရေဝင်နေလို့ ဖျက်ဆီးပစ်ရမှာလား
ယင်းရန်ဟာ ကုလားထိုင်မှာ အေးရာအေးကြောင်းမှီထိုင်ပြီး အရှေ့ကမုန့်တွေကို ကြည့်လိုက်တယ်။
သူ ဒီအခန်းထဲ အခုမှရောက်တာမို့ ပြောင်းလဲသွားတာတွေကို မသိဘူး။ ကျူံးချန်းရှော်ကို ဧည့်ခံထားတဲ့ လက်ဖက်ရည်နဲ့ မက်မွန်သီးကွတ်ကီးကို ပြန်သိမ်းထားပြီး လက်ရှိမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ချောကလက်ကွတ်ကီးတွေ တည်ခင်းထားတယ်။
ကော်ဖီက ကြည်လင်နေပြီး တမူထူးတဲ့အနံ့ပြင်းပြင်းရှိတယ်။
"စကားပြောဖို့ အလျင်မလိုပါဘူး... အရင်သုံးဆောင်ပါ"
အခန်းထဲမှာ အသံတစ်သံပျံ့လွင့်လာတယ်။
ယင်းရန် တစ်ဖက်မြင်မှန်ကို လှမ်းကြည့်လိုက်တယ်။ ဒီအနေအထားနဲ့ဆိုတော့ မှန်နောက်မှာ ရှိနေတာကို သူ မမြင်နိုင်ဘူး။ ဒါပေမယ့် အဲ့ဒီကထွက်လာနေတဲ့ စွမ်းအားတွေကို သူခံစားမိတယ်။
'မှန်'ရဲ့တစ်ဖက်ခြမ်းမှာ အလွန်တရာအင်အားကြီးတဲ့ ကျင့်ကြံသူတစ်ဦး ရှိနေတာမို့ သတိထားလို့ အကျိူးမယုတ်ဘူး။
မျက်စိရှေ့ကကော်ဖီက အငွေ့တထောင်းထောင်း ထွက်နေတဲ့အပြင် ချဥ်ချဥ်ခါးခါးရနံ့ကပါ သူ့နှာခေါင်းတွေကို လာရောက် ရိုက်ခတ်နေတယ်။ ယင်းရန် တစ်ငုံသောက်ကြည့်လိုက်တော့ မိစ္ဆာဝိညာဥ်ကြီးခမျာ ထွေးထုတ်မိမတတ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...