Part 2.1

2.3K 225 0
                                    

Part 2.1

အခန်း (၂)

နိုင်ငံကြီးသားကောင်း

အဲ့ဒီအချိန်၊ ဟိုက်ကူမြို့လယ်ခေါင်၊ ရှီအန်းအဖွဲ့နယ်မြေ။

ရုံးခန်းကျယ်ကြီးဟာ မီးထိန်ထိန်လင်းနေပြီး ဖန်သားပြင်ကြီးတွေက နံရံတစ်ခုလုံးအပြည့် နေရာယူထားတယ်။ ကွန်ပြူတာခန်းပေါင်းများစွာဟာ လူပြည့်နေပြီး ရဲရဲနီနေတဲ့မျက်လုံးပေါင်းများစွာကလည်း ဖန်သားပြင်တွေကို စူးစိုက်ကြည့်နေကြတယ်။

စတော့ဈေးအတက်အကျ ကြည့်နေရသလို အခြေအနေမျိူးမှာ မတ်တပ်ရပ်နေသူဟာ တစ်ဦးတည်း။

အဲ့ဒီလူက အရပ်ရှည်ပြီးပိန်ပါးတယ်။ အသက်၄၀အရွယ်လောက်ရှိမယ်။ ဘယ်ဘက်နားမှာ ပိုလွန်းတဲ့ အနီရောင်ပန်းဖွားနားကပ်တစ်ခု ပန်ထားတယ်။ ဆံပင်ကသိပ်မရှည်ဘူး။ ခေါင်းအနောက်မှာ ပြေလျော့လျော့ပဲစီးထားတယ်။

မျက်လုံးအောက်က တွဲကျနေတဲ့မျက်ကွင်းညိိုညိုတွေနဲ့ မရိတ်ရသေးတဲ့မုတ်ဆိတ်တွေကို လျစ်လျူရှုလိုက်ရင်တောင် ဒီလူက ခံ့တယ်ဆိုရုံလေး။ လ​က်ရှိမှာ သူက ကာလံ​ဒေသံနဲ့ မအပ်စပ်တဲ့ နီညိုရောင်အ​နွေးထည်ရှည်ကိုဝတ်ထားပြီး လက်တစ်ဖက်က အားဖြည့်အချိူရည်ပုလင်းကို ကိုင်ထားတယ်။ သူ့မျက်နှာကတော့ အဲ့ဒီမှာရှိသမျှလူ အားလုံးပေါင်းထက်တောင် ပိုပျက်ယွင်းနေလေရဲ့။

"ဝန်ကြီးဖု..ဆင့်ခေါ်မန္ဓာန်ကို တုံ့ပြန်မှုမရှိဘူးဗျ... ရှီကျောင်းရပ်ကွက်က မိစ္ဆာချီပမာဏလည်း ပုံမှန်ပြန်ဖြစ်သွားပြီ..ကြည့်ပါဦး... "

မြင်းမျက်နှာကျနဲ့ကောင်လေးက သူ့မျက်နှာကိုပွတ်နေရင်း မရဲတရဲပြောလာတယ်။

"အလုပ်ဆင်းချင်တယ်ပေါ့"

ဝန်ကြီးဖုက သူ့ကိုဝေ့ကြည့်လိုက်ပြီး

"အိပ်မက်လေးကလှတယ်... သွား..'မိစ္ဆာချီ'ပမာဏကို ထပ်သွားကြည့်"

ကောင်လေးလည်း ခေါင်းပုသွားပြီး ထောင့်ကဖန်သားပြင်ကို လှမ်းကြည့်လိုက်တယ်။ စာလုံးတွေနဲ့ ပုံတွေအကုန်ရောပြီး ပြည့်ကျပ်ညပ်နေတာမို့ ကြည့်ရတဲ့သူပါ မူးဝေလာရတယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now