Part 2.2

1.6K 216 0
                                    

Part 2.2

သူ့ကိုချိပ်ပိတ်ထားတဲ့စည်း မကျိူးခင်က ယင်းရန်တစ်ယောက် ဘာရယ်မဟုတ်..အန္တရာယ်မရှိတဲ့ ဓားမြှောင်လေးတစ်ချောင်း ကောက်ထည့်လာခဲ့တယ်။ သို့ပေမယ့် ခုနကတိုက်မိသွားတာကြောင့် ခေတ်ပေါ်ဆေးရုံအင်္ကျီက သူ့ရှေးဟောင်းလူသတ်လက်နက်ကြီးကို မထိန်းနိုင်တော့။ ပြဲသွားတဲ့အသံနဲ့အတူ အင်္ကျီအိတ်ကပ်မှာ အပေါက်ကြီးပေါ်လာပြီး ဓားမြှောင်ဟာ မြေပြင်ပေါ်ကို 'ချွမ်း'ကနဲ ပြုတ်ကျသွားလေတယ်။

ဓားကအကောင်းစားမို့ ထွက်လာတဲ့အသံကလည်း အကောင်းစား။

ဓားနဲ့မြေပြင်နဲ့ထိတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အသံက လူတစ်​ယောက်ကို ရေခဲရေထဲ နစ်မြုပ်သွားသလို... အသည်းနှလုံးထဲထိ ထိုးဖောက်ဝင်ရောက်ပြီး အရိုးတွေကိုပါ အေးခဲသွားသယောင် ခံစားရစေတယ်။ အတိတ်တုန်းကဆိုရင် ဒီအသံကြောင့် ဘယ်လိုသက်ရှိမျိူးမဆို နောက်ဆုတ်သွားကြပေမယ့် အခုတော့ ကံဆိုးစွာနဲ့ပဲ အရှက်ကွဲမှုအဖြာဖြာကိုသာ ဆောင်ကျဥ်းပေးနေတော့တယ်။

ယင်းရန်: "... ... "

နမော်နမဲ့နိုင်လိုက်တာ။ နဂိုက ဒီဓားမြှောင်မှာ ဓားအိမ်ရှိတယ်။ ဒါပေမယ့် သစ်သားဓားအိမ်က ကမ္ဘာမြေကြီးထဲရောက်နေတာ နှစ်ရာချီကြာလာတော့ ရွှံ့ဗွက်တွေအဖြစ် ပုပ်ဆွေးသွားခဲ့ပြီ။ ယင်းရန်လည်း အကျင့်အတိုင်း အိတ်ကပ်ထဲထည့်လာပြီး ဘာမှအထွေအထူးမတွေးမိခဲ့။

ဒါလေးက သူ့အကြိုက်လက်နက်တွေထဲက တစ်ခုပါ..အခုတော့ လွှတ်ပစ်ချင်လာလို့..ရလား

ယင်းရန်တစ်ယောက် ခဏလောက် တွေဝေနေပြီးနောက် စိတ်လျှော့ပြီး ဓားကို ကုန်းကောက်လိုက်တယ်။

အချိန်ကိုက်ဆိုသလိုပဲ..အရောက်ပို့ချင်နေတဲ့ ကောင်းကင်ဘုံကြီးက ကြက်သွေးရောင် မိုးကြိုးသွားတစ်ခုကို စေလွှတ်လိုက်လေတော့ ဓားမြှောင်လေးက သွေး​တွေနဲ့ ချင်းချင်းနီ​နေသလိုဖြစ်သွားတယ်။ အပြာ၊အဖြူ အစင်းကြောင်းတွေပါတဲ့ ဆေးရုံအင်္ကျီနဲ့ပေါင်းလိုက်တော့ မြင်ကွင်းက ကြောက်မက်ဖွယ်အတိ။

တစ်ဖက်လူက ဖြည်းဖြည်းချင်း ခြေတစ်လှမ်းဆုတ်သွားပြီး လက်တစ်ဖက်နဲ့ လှည်းကိုထိန်းထားရင်း ခပ်မှိန်မှိန်လေးလင်းနေတဲ့ ထူးထူးဆန်းဆန်းပစ္စည်းတစ်ခုကို အမြန်ထုတ်ယူလိုက်တယ်။ သူ့အပြုအမူတွေက ချောမွေ့ရှင်းလင်းနေရောပဲ။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now