"ငါတို့က လက်တွဲဖော်တွေလေ။ မင်းဘာလုပ်လုပ် ငါက ပါရမှာပေါ့။ အဲ့လိုကြီး မကြည့်စမ်းပါနဲ့။ ငါက မင်းရဲ့ ကင်းစောင့်ပဲ လုပ်မှာပါ။ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကို ထွက်ပြေးပေးမှာပေါ့"
".....ကောင်းပြီလေ"
**********
ဖန်းဟွအိမ်ရာ အနီးတစ်နေရာတွင်.....
တိုက်ခန်းရဲ့ ဝင်ပေါက်ကိုငေးကြည့်ရင်း ရှီးပေါင်း အမှောင်ရိပ်ထဲက သူ့ရဲ့ ခေါက်ကုလားထိုင်ပေါ်ထိုင်လိုက်တယ်။
အမျိုးသမီး ပျောက်နေခဲ့တာ တစ်ပတ်တောင် ရှိတော့မယ်။
အဲ့ခွေးမက ရှီးမိသားစုဟောင်းရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးပစ်ပြီး သူ့ရဲ့တူကို သတ်ပစ်ခဲ့တယ်တဲ့လေ။ ရှီးပေါင်းမှာ ညီအစ်ကို နှစ်ယောက်ရှိပေမယ့် ရှီးချောင်းက မျိုးဆက်သစ်ထဲမှာတော့ တစ်ဦးတည်းသော ယောက်ျားလေးပဲ။ ရှီးချောင်းက စာလုပ်ရတာ မကြိုက်ပေမယ့် ပြိုင်ချင်ဆိုင်ချင်စိတ်ရှိတော့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ်။
သူ့လိုလိမ္မာတဲ့ ကလေးတစ်ယောက်က အဲ့ဒီကောင်းမျိုးရိုးကြောင့် အသတ်ခံခဲ့ရတယ် တဲ့လေ။
ကြားတာတော့ ရှီးချောင်းက ကောင်းမုန့်ယွီရဲ့ ကြောင်လေးကို မတော်တဆ သေအောင် လည်ပင်းညှစ်ပစ်လိုက်မိလို့ လမ်းခွဲသွားတာဆိုပဲ။ လမ်းခွဲလိုက်ပြီးတာတောင် ရှီးချောင်းက ကောင်းမုန့်ယွီကို လပေါင်းများစွာ လိုက်နေခဲ့သေးတယ်။ ရလဒ်ကတော့ အဲ့ဒီအမျိုးသမီးကို ပြန်အနိုင်ယူဖို့ လုပ်နေချိန် လမ်းခုလတ်မှာ ရှီးချောင်း ကားမတော်တဆမှုဖြစ်ပြီး သေခဲ့ရတယ်။
သူ့ရဲ့ တူတော်မောင်လိမ္မာကလေးက ဘယ်သူ့ပစ္စည်းမှ မခိုးဖူးသလို တစ်ယောက်ယောက်ကို နာကျင်အောင်လည်း ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ ခုလိုဖြစ်သွားရတာကလည်း ဘာမဟုတ်တဲ့ တိရစ္ဆာန်တစ်ကောင်ကြောင့်တဲ့လေ။ တိရစ္ဆာန်တစ်ကောင်ကြောင့်တဲ့။
ရှီးချောင်း သေသွားတော့ အဲ့ကောင်မ အသက်အများကြီးပါတောင် အခုတော့ ဘာမှကို မတတ်နိုင်တော့ဘူး။ ရှီးပေါင်း အမုန်းတရားတွေနဲ့ ဒေါသထွက်ရလွန်းလို့ အံတိုနေပြီ။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...