Part 23.2

520 73 0
                                    



"ပွင့်ပွင့်လင်းလင်းပြောရရင် သိပ္ပံနယ်ပယ်ကတော့ ပိုကောင်းတောပေါ့။ တကယ်လို့ သိပ္ပံဌာနဘက်က မဟုတ်တဲ့ သူတစ်ယောက်ယောက်ကများ မကောင်းဆိုးဝါးရဲ့ ခန္ဓာကိုယ်ကို တွေ့သွားတယ်ဆိုပါစို့..... ပေါ့‌ပေါ့ပါးပါးရှိတဲ့ကိစ္စတွေမှာဆို သူတို့ရဲ့ တွေးခေါ်နိုင်စွမ်းတွေ ဆုံးရှုံးသွားမယ်။ တကယ့်ကို လေးနက်တဲ့ ကိစ္စရပ်တွေမှာဆိုရင်တော့ နေရာမှာတင် ဦးနှောက်သွေးယိုပြီး‌ သေသွားလိမ့်မယ်။ ငါသာ ယင်းရန်ကို ဖြုတ်ရမယ်ဆိုရင် မင်းလည်း အလုပ်စလုပ်ချင်းနေ့မှာပဲ ပါတနာတွေ ပြောင်းရလိမ့်မယ်"

ကျွန်တော်သိပါပြီ။

ကျုံးချန်းရှော် ဘာမေးခွန်းမှ ထပ်မမေးတော့ဘဲ ပါမောက္ခလိလက်ကမ်းလာတဲ့ အကာမျက်မှန်တွေကို ယူပြီး တပ်လိုက်တယ်။

ဓာတ်လှေကားရဲ့ အပြင်ဘက်မှာ တော်တော့်ကို ရှည်လျားလွန်းတဲ့ စင်္ကြံတစ်ခုနဲ့ တစ်ဖက်တစ်ချက်စီက အေးနေတဲ့ အဖြူရောင်နံရံတွေပဲ ရှိတယ်။ အကာမျက်မှန်တွေက လေးပြီးထူပေမယ့် အဲ့တာတွေကို တပ်ပြီးပြီးချင်း သူ့ရဲ့ အမြင်အာရုံအနည်းငယ် ပြောင်းလဲသွားတယ်။

စင်္ကြံရဲ့ အဆုံးမှာ သိပ်ကို ကြီးမားတဲ့ ဟောခန်းကြီးဆီကို ရောက်မယ့် တံခါးတစ်ချပ်ရှိပြီးတော့ အတွင်းထဲမှာတော့ ဖျော်ဖြေပွဲခန်းမပုံစံဖြစ်တယ်။ ခန်းမတစ်ခုလုံးက နို့နှစ်ဖြူရောင်ဖြစ်ပြီးတော့ အလွှာအနည်းငယ်ကန့်ထားပြီး အမျိုးမျိုးသော စက်ယန္တရားတွေ ရှေ့မှာအလုပ်ရှုပ်နေတဲ့ လူပေါင်းရာချီရှိတယ်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်ဆိုရင်ပဲ ကြီးမားလွန်းတဲ့ ပျားအုံကြီးတစ်ခုလို ဖြစ်နေတယ်။

ကျုံးချန်းရှော် တည်တည်ကြည်ကြည်နဲ့ပဲ ပါမောက္ခနောက်ကနေ ဟောခန်းကြီးတောက်လျှောက်လိုက်သွားရင်း မျက်လုံးထောင့်တွေကနေတော့ အသည်းအသန်ကို စူးစမ်းနေလိုက်တယ်။

ကံဆိုးချင်တော့ သွားမယ့်နေရာက သိပ်ပြီး မဝေးဘူး‌ ဖြစ်နေတယ်။ ပါမောက္ခလိက သူ့ကို ထောင့်နားမှာရှိတဲ့ အပြင်ကို မြင်ရတဲ့ လှေကားပုံစံ ဓာတ်လှေကားကို ခေါ်သွားလိုက်တယ်။ ဓာတ်လှေကားက အလျားလိုက်ပွင့်သွားပြီးတော့ သူတို့နှစ်ယောက်လဲ အမှောင်ထဲကို ခဏလေးအတွင်း ရောက်သွားခဲ့တယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now