"ဘယ်တိုက်ပွဲအစအနမှ ရှိတဲ့ပုံမရဘူး။ ဒီအရာက လတ်ဆတ်သည်ဖြစ်ဖြစ် မလတ်ဆတ်သည်ဖြစ်ဖြစ် ရဲကဒါကိုစစ်ဆေးသင့်တယ်။ မင်းကရော။ မင်း...လူသေကိုစကားပြောတာ ဒါမှမဟုတ် တစ်ခုခုလုပ်နိုင်လား"
ဘုရားမဲ့ဝါဒီတစ်ယောက်အနေနှင့် ကျုံးချန်းရှော်သည် ဤမေးခွန်းအား မသေချာမရေရာမှုများစွာနှင့်မေးခဲ့သည်။
ယင်းရန်က စိတ်ရှည်ရှည်ရှင်းပြသည်။ "သရဲတွေအဖြစ်ပြောင်းသွားဖို့ လူတွေအတွက်ခက်တဲ့အချက်ကိုထားပြီး ပြောစရာနည်းလမ်းမရှိဘူး။ နတ်ဆိုးဝိညာဥ်ဖြစ်သွားရင်တောင် အချိန်အများစုက သူတို့ရဲ့ယုံကြည်မှုကို ပိုနည်းသွားအောင်လုပ်တဲ့ စကားကောင်းကောင်း မပြောနိုင်ကြဘူး။ လူတွေက အသက်ရှင်နေတဲ့အချိန်မှာ အရာအားလုံးကိုမသိနိုင်ဘဲ သေပြီးတာနဲ့သူတို့က ရုတ်တရက်ကြီး မျက်လုံးပွင့်လာမှာမဟုတ်ဘူး"
"ဒါက ရှန်ဖတ်စာအုပ်ကပြောတာ" ယင်းရန်က အတွေးရှိရှိထပ်ပြောလိုက်သည်။
"အဲ့လိုကိုး" ကျုံးချန်းရှော်သည် သူ၏ လက်ဖက်ရည်နှစ်ကျိုက်ကို သောက်လိုက်သည်။ "ငါကလမ်းပေါ်မှာလမ်းလျှောက်ရင်း ရုတ်တရက်ကားတိုက်ခံရရင် ငါဘယ်လိုသေသွားလဲဆိုတာကို တုံ့ပြန်နိုင်မှာတောင်မဟုတ်ဘူး"
"အမှန်ပဲ" ယင်းရန်သည်သူ့ဆီသို့ ဘူးကိုခါပြလိုက်သည်။ "ဒါက နမူနာကောင်းပဲဆိုပေမယ့် နောက်တစ်ကြိမ်မှာမင်းကိုယ်မင်း နမူနာအဖြစ်မသုံးသင့်ဘူး"
ကျုံးချန်းရှော်၏အကြည့်မှာ တုန်ခါနေသောဘူးပေါ်ရပ်တန့်သွားသည်။ သူသည်စက္ကန့်ဝက်ကြာတွေးလိုက်ကာ သူ၏လက်ဖက်စိမ်းခြောက်လက်ဖက်ရည်ကို ကောက်ယူလိုက်ပြီး ယင်းရန်၏ဘူးနှင့်တိုက်လိုက်သည်။
ယင်းရန်: "......."
ယင်းရန်: "အဲ့စာအုပ် <ဆက်သွယ်ရေးအနုပညာ>ကို မင်းစဖတ်ပြီလား"
ကျုံးချန်းရှော်ကမျက်တောင်ခတ်လိုက်ကာ ဘူးကကြောင်နေပုံရကာ လေထဲအေးခဲနေသည်။
"ဟားဟား ဘူးချင်းတိုက်တာ အတော်ကောင်းတာပဲ" ယင်းရန်ကအရယ်မရပ်တော့ပေ။ "ချီးယားစ်"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...