Part 6.2
ကျူံးချန်းရှော်က သူ့အရှေ့က ရေခဲရေကို လက်ဖျားနဲ့တောင် မထိဘူး။ ခွက်ထဲမှာ ရေခဲတုံးတွေ အရည်ပျော်ပြီး ခွက်ပြင်မှာ ငွေ့ရည်ဖွဲ့နေတဲ့ရေတွေ စီးကျတာကြောင့် စားပွဲပေါ်မှာ အဝိုင်းလိုက်လေး ရေအိုင်နေတယ်။ သူ့မျက်နှာမှာ အကျပ်ရိုက်နေတဲ့အမူအရာမျိူး ရှိနေပေမယ့် ချွေးတော့တစ်စက်မှမထွက်။
"ကျွန်တော် သရဲတစ္ဆေတွေ မယုံဘူး... ဒါပေမယ့် 'မျက်မှောက်ခေတ်သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ သဘာဝဖြစ်စဥ်တွေ'ရှိတာကိုလည်း ကျွန်တော် မငြင်းဘူး"
ကျူံးချန်းရှော်ဟာ ပြောရင်းဆိုရင်းနဲ့ မျက်မှန်ချွတ်ပြီး ဂရုတစိုက်သုတ်နေတယ်။
နောက်ဆုံးတော့ အချိန်အကြာကြီး မလှုပ်မယှက်ထိုင်နေတဲ့ ပရော်ဖက်ဆာလီတစ်ယောက် အမူအရာတွေ ပြောင်းလဲသွားပြီ။
"ဟင်"
"ဥပမာ အရင်တုန်းကလူတွေဆိုရင် တံလျှပ်ထတဲ့ဖြစ်စဥ်ကို မရှင်းပြတတ်တော့ 'သရဲမြို့တော်'လို့ခေါ်ခဲ့ကြတယ်.. အဲ့ဒါ သရဲတစ္ဆေတွေ သူတို့တကယ်ရှိကြောင်း ပြတာဆိုပြီး ယုံကြတဲ့သူတွေမှ အများကြီး... အခုခေတ်ကျတော့ ကလေးတွေတောင် တံလျှပ် ဘာကြောင့်ထမှန်း သိတယ်.. လူတိုင်းယုံနေတဲ့ သရဲတွေ နတ်ဘုရားတွေနဲ့ ဘာမှမဆိုင်ဘူး"
"သိပ္ပံပညာက ပေါ်တာမကြာသေးတဲ့အတွက် 'မျက်မှောက်ခေတ်သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ဖြစ်စဥ်တွေ'ဆိုတာ ရှောင်လွှဲမရအောင် ရှိနေမှာပဲ... ဒါကို လူတွေက သူတို့အတွေ့အကြုံနဲ့ယှဥ်ပြီး သရဲတွေ နတ်ဘုရားတွေနဲ့ဆိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေရယ်လို့ အလွယ်သတ်မှတ်လိုက်ကြရော... ကျွန်တော်က အဲ့ဒါကြီးကို လက်မခံနိုင်တာ"
ဖန်းယွမ်ယွမ်က မျက်ခုံးတစ်ဖက်ပင့်သွားပြီး လက်သည်းပုံဖော်ထားတာလေးကို ပွတ်နေတယ်။
"ပြောချင်တာက..ရှင့်မျက်စိရှေ့မှာ သရဲတွေ အကောင်လိုက်ရပ်နေရင်တောင်–"
သူမဟာ စကားအဆုံးကို အဓိပ္ပါယ်ရှိရှိ ဆွဲဆန့်လိုက်တယ်။
"ကျွန်တော့်အမြင်ကတော့ ဒိဌိတစ်ယောက် လုပ်သင့်တာက 'ခေါင်းမာမာနဲ့စွတ်ငြင်းတာမျိူး'မဟုတ်ဘဲ 'ပိုပြီးယုတ္တိရှိတဲ့ဖြေရှင်းချက်ကို ရှာတာမျိူး'ဖြစ်သင့်တယ် လို့ထင်တယ်"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...