Chapter 80

985 123 2
                                    


သူက ရှေးခေတ်ကမ္ဘာမှဖြစ်ပြီး ဤစကေးများကို ကြယ်စင်စုခေတ်သို့မရောက်လာမီ သင်ယူခဲ့သည်ဟူသော အချက်ကို ဘယ်သောအခါမှ ဖော်ထုတ်နိုင်မည်မဟုတ်သောကြောင့် အကြောင်းပြချက်တစ်ခု ပေးလိုက်ရခြင်းပင်။

အကဲဖြတ်ဒိုင်လူကြီးငါးဦးက ဒီကိစ္စကို သိပ်ဂရုမစိုက်ကြချေ။ အဆုံးတွင်တော့ အခြားတစ်ယောက်၏ လှည့်ကွက်အသေးစိတ်များအကြောင်း မေးခြင်းသည် ရိုင်းစိုင်းရာကျပေလိမ့်မည်။ကြက်ကင်မှ သင်းပျံ့လှသည့်ရနံ့တွေရနေခြင်းကြောင့် သူတို့စားကြည့်ရန် မစောင့်နိုင်တော့ချေ။

သူတို့မည်မျှ စိတ်အားထက်သန်နေမှန်း ကုပိုင် ပြောနိုင်သောကြောင့် ကြက်ကင်ကိုဖွင့်၍ ကြက်အတွင်းမှပါဝင်ပစ္စည်းများကို ထုတ်ပြရန် ရှေ့သို့လျှောက်သွားလိုက်သည်။ ထို့နောက် အကဲဖြတ်ဒိုင်လူကြီးများအား ပြောလိုက်၏။"ကျေးဇူးပြုပြီး"

"ဒီထဲမှာ ပါဝင်ပစ္စည်းတွေထည့်ထားမယ်လို့ ငါတို့ မထင်ထားဘူး အဲဒါက အံ့သြစရာပဲ!" ပထမအကဲဖြတ်ဒိုင်လူကြီးက ကြက်ပေါင်ကိုဆွဲယူပြီး အာလူးတစ်ခြမ်းကို ကောက်ယူလိုက်သည်။ ထို့နောက် ၎င်းတို့မအေးသွားမီ ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေသည်။ သည်းမခံနိုင်လောက်အောင် ပူနေသေးသည်ဆိုလျှင်ပင် သူ မထွေးထုတ်ချင်ချေ။

အခြားအကဲဖြတ်ဒိုင်လူကြီးများ အံ့အားသင့်သွားရပြီး သူတို့ရှေ့ရှိ ကြက်ကင်ကို မျှဝေစားသောက်ရန် အမြန်သွားလိုက်ကြသည်။

အကဲဖြတ်ဒိုင်လူကြီးများသည် ကြက်ကင်နှစ်ကောင်လုံးနှင့် ၎င်းတို့အတွင်းမှ ပါဝင်ပစ္စည်းများကို စားသောက်ကြသည်။ ဒုတိယမြောက်ကမ္ဘာတွင်ရှိသောအရာများကို သူတို့ အမှန်တကယ်မစားနိုင်လျှင်ပင် ဤတစ်ခေါက်တွင်လည်း ဗိုက်ပြည့်အင့်သွားအောင် စားလိုက်ကြပါသေး၏။

" ရှောင်ပိုင်က သူ့ရဲ့ဟင်းလျာတွေကို နောက်ဆုံးမှတည်ခင်းပေးတာ ကံကောင်းတယ် မဟုတ်ရင် တခြားပြိုင်ပွဲဝင်တွေဆီက အစားအသောက်တွေကို ငါတို့ စားဖြစ်မှာမဟုတ်ဘူး" တတိယအကဲဖြတ်ဒိုင်လူကြီးက ထိုသို့ပင် တီးတိုးပြောမိသွားလေသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now