Chapter 72

368 83 0
                                    


"ရှောင်ပိုင်မှာ ပရိတ်သတ်တွေ ပိုများလာတယ် သူ့ဆိုင်ရဲ့နာမည်ကိုမပြောဖို့ ငါ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ယောက်က အချက်အလက်ကို ဖော်ထုတ်ပြီး လူတွေကို ဒီနေရာထိ ဦးဆောင်လာတယ်လေ လျှို့ဝှက်ချက်ကိုပြောတယ်ဆိုတော့ သူတို့ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ သူ့ဟင်းတွေကို ဝယ်လို့ရဖို့အတွက် ငါတို့မှာ လူများလွန်းနေပြီ" ဖောက်သည်ဟောင်းတစ်ယောက်က လူအုပ်ကိုကြည့်ပြီး သက်ပြင်းချသည်။

"မင်းက ငါ့စိတ်ကိုဖတ်လိုက်တာများလား ကိုယ့်လူ ငါဒီလောက် အလုပ်ကြိုးစားရတဲ့အကြောင်းရင်းက ဘာလို့ထင်လဲ၊ ငါပိုက်ဆံများများရချင်တယ်‌လေ ဒါဆို ငါ ရှောင်ပိုင်ရဲ့အရသာရှိတဲ့ ဟင်းလျာ‌လေးတွေကို များများစားနိုင်လို့ပဲ အခုက ဘာဖြစ်နေတာလဲ၊ ငါ့မှာ ပိုက်ဆံရှိရင်တောင် မဝယ်နိုင်တော့ဘူးတဲ့  အလုပ်ကြိုးစားဖို့ဆိုတဲ့ ငါ့ရဲ့စိတ်အားထက်သန်မှု ဆုံးရှုံးသွားပြီကွ"

"ကံကောင်းတာက၊ ရှောင်ပိုင် နေ့တိုင်း တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေသေးလို့ ငါတို့ သူ့ဟင်းလျာတွေ စားလို့ရနေသေးတာ မဟုတ်ရင် ဘယ်လိုရှင်သန်ရမလဲတောင် ငါသိတော့မှာမဟုတ်ဘူး"

"ရှောင်ပိုင် သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ  မဲဖောက်ပေးရင် အကောင်းဆုံးဖြစ်လိမ့်မယ် ဒီလိုဆိုရင် သူလုပ်ထားတဲ့ အစားအစာအစစ်ကို ငါတို့စားရမယ့်အခွင့်အရေး ရှိလာနိုင်တယ်"

"အဲ့ဒီလိုဖြစ်မှာမဟုတ်ဘူး ရှောင်ပိုင် ဘယ်တော့ စားသောက်ဆိုင်ဖွင့်မလဲလို့ ငါတွေးနေတာ ပါဆယ်ယူလို့ရနိုင်ရင် အရမ်းကောင်းမယ် အစစ်အမှန်လက်တွေ့ကမ္ဘာမှာ သူ့အစားအစာတွေစားရရင် ဘယ်လောက်ပျော်ရမလဲ သူ့ဟင်းလျာတွေက သေချာပေါက်ကိုအကောင်းဆုံးပဲ!"

"ရှောင်ပိုင်ရဲ့မွေးရပ်မြေက M95 ဂြိုလ်ပါ ငါစေ့စေ့စပ်စပ် စစ်ဆေးပြီးပြီ အဲ့ဒီဂြိုလ်က အင်ပါယာရဲ့အစွန်အဖျားမှာ တည်ရှိရုံသာမက အရမ်းဆင်းရဲပြီး မဖွံ့ဖြိုးသေးတဲ့ဂြိုလ်တစ်ခုပဲ အခြေခံအကျဆုံး Star express ကုမ္ပဏီတောင် အဲ့ဒီနေရာကို သွားဖို့ဆန္ဒမရှိကြဘူး အဲဒီဂြိုလ်ကိုရောက်ဖို့ အာကာသယာဉ်နဲ့တောင် တစ်လလောက်ကြာတယ်တဲ့ အဲဒါက အရမ်းဝေးတယ်၊ ဒါကြောင့် ပါဆယ်ထုတ်ဖို့က အခြေခံအားဖြင့် မဖြစ်နိုင်သလို မဲဖောက်ပေးတာကလည်း အဓိပ္ပာယ်မရှိဘူး” ဟု ဧည့်သည်တစ်ဦးက ရှင်းပြသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now