Chapter 73

368 82 0
                                    


ကုပိုင် မက်ဆေ့ချ်ကို သေသေချာချာဖတ်ပြီး ပိတ်လိုက်သည်။သူ ယခင်ကလို တိကျသေချာသည့်ပြင်ဆင်မှုများ မလုပ်ခဲ့ချေ။
သူ ဤပြိုင်ပွဲတွင်လည်း ယုံကြည်မှုအပြည့်ရှိနေဆဲပင်။

“အာ… ဒီတောကို အခုထပ်မြင်ရတော့ ကြောက်စိတ်တွေ ပြည့်နှက်လာပြန်ပြီ” ပြိုင်ပွဲဝင်တစ်ဦးက တောအုပ်ကို ဝမ်းနည်းသည့်အမူအရာဖြင့် စိုက်ကြည့်နေလေသည်။

ပါဝင်ပစ္စည်းတွေအကြောင်း အများကြီးလေ့လာပြီး ယနေ့ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေ အပြည့်လုပ်ထားလျှင်ပင် နောက်ဆုံးတခေါက်က သူမည်သို့ဖျော်ဖြေခဲ့မှန်းတွေးမိတော့ ရှက်မိနေသေး၏။

"ငါလည်းဒီလိုပဲ ဘဝမှာ အဆင်မပြေမှုတွေ ကြုံဖူးတာ ဒါပထမဆုံးအကြိမ်ပဲဗျာ ပါဝင်ပစ္စည်းတွေရဲ့ မူရင်းပုံပန်းသဏ္ဍာန်ကို ခွဲခြားတတ်ဖို့လိုမယ်လို့ ဘယ်သူကထင်မှာလဲ၊ တခုခုကိုစိုက်ပျိုးဖို့မဟုတ်ဘဲ ချက်ပြုတ်ဖို့အတွက် ငါတို့က ဒီကို ရောက်လာတာလေ" အခြားပြိုင်ပွဲဝင်တစ်ဦးကလည်း သက်ပြင်းမချပဲ မနေနိုင်ခဲ့ပေ။

"မနေ့က သူတို့ရဲ့မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်မှာ တတ်နိုင်သမျှ သင်ယူဖို့ကြိုးစားခဲ့တယ် ပါဝင်ပစ္စည်းတွေကို ရှာတွေ့ပြီး ဟင်းပွဲတွေကို ချောချောမွေ့မွေ့နဲ့ ပြီးမြောက်အောင် ချက်ပြုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ် ဖယ်ထုတ်မခံရရင်တော့ အကောင်းဆုံးပဲ"

"ကျွန်တော်လည်း အဲ့လိုလုပ်ခဲ့တယ် ကျွန်တော့်ဆရာတောင်မှ ပါဝင်ပစ္စည်းတွေအကြောင်း သိပ်မသိဘူး ပြိုင်ပွဲအတွက် ကျွန်တော်တို့ တောထဲမှာ ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ရှာရတော့မယ်ဆိုတာ သိလိုက်ရတုန်းကဆို သူက ပိုတောင်အံ့သြသွားသေးတယ် ကျွန်တော့်ဆရာတောင် ပါဝင်ပစ္စည်းအားလုံးကို မသိဘူးဆိုတာ သေချာတယ်"
ပြိုင်ပွဲဝင်အချို့က ကုပိုင်ကိုကြည့်ပြီး မပြောဘဲမနေနိုင်ခဲ့ကြချေ။ "ဒါပေမယ့် တစ်ယောက်ယောက်က အတော်လေးသိတယ် သူ့နာမည်က ပြီးခဲ့တဲ့အကျော့တုန်းက လူသိများသွားသေးတယ်လေ"‌

"အဲဒါက တကယ်ကို အဓိပ္ပာယ်ရှိတယ် သူ့မှာ လယ်ကွင်းတွေရှိပြီး သူ့ဘာသာသူ ကောက်ပဲသီးနှံတွေစိုက်ပျိုးတယ်လို့ ကြားတယ် ပြိုင်ပွဲက သူ့အတွက် ပြီးပြည့်စုံတဲ့ ဂိမ်းတစ်ခုလိုပါပဲ အဲဒါက မတရားဘူးမလား ကျွန်တော်တို့က စားဖိုမှူးတွေပါ ဘာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းတွေက ဘယ်လိုပုံစံလဲဆိုတာကို ဘာလို့ဒီလောက်ကြီးသိသင့်တာလဲ"

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now