Chapter 79

796 135 1
                                    


"လေးစားရပါ‌တဲ့ အကဲဖြတ်ဒိုင်လူကြီးမင်းတို့၊ သူတို့ကို မအေးခင်စားဖို့ ကျွန်တော်သတိပေးပါရစေ အေးသွားရင် အခုလောက် အရသာရှိတော့မှာမဟုတ်ဘူး" သူ့တွင် နောက်ထပ်တည်ခင်းပေးရမည့် ဟင်းလျာတစ်မျိုးရှိသေးသည့်အတွက်  အတွေးတွေထဲနစ်မျောနေသည့် သူတို့အားလုံးကို သူ သတိပေးလိုက်ရခြင်းပင်။

"ဟုတ်တယ်၊ ဒီလိုနာမည်လှလှလေးတွေနဲ့ ဟင်းပွဲတွေက အရသာရှိမှာ သေချာတယ်" အကဲဖြတ်ဒိုင်လူကြီးငါးဦးထဲမှ တစ်ဦးတည်းသော အမျိုးသမီးအကဲဖြတ်ဒိုင်လူကြီးဖြစ်သည့် စစ်ရှောင်းသည် စိတ်ကူးယဉ်ဆန်သည့်ခံစားချက်ကို ခံစားလိုက်ရပြီး အနီးဆုံးဟင်းလျာကို ကောက်ကိုင်လိုက်သည်။

ထိုဟင်းပွဲများ၏ဇာတ်လမ်းများကို တွေးတောရင်း သူမ ဟင်းကို ပါးစပ်ထဲထည့်လိုက်၏။ ခံစားချက်များသည် အရသာကို အားကောင်းစေပြီး ဒါက အစာစားခြင်းကိုရပ်တန့်ရန် ခက်ခဲစေသည်။

ခဏကြာပြီးနောက် သူတို့ ဟင်းလျာလေးမျိုးလုံး စားပြီးသွား၏။

"ရှောင်ပိုင် မင်း ဟင်းငါးမျိုးချက်ထားတာ နောက်ဆုံးဟင်းလျာက ဘာလဲ" ကျိုးစဲ့ကုသည် လင်ဗန်းအပြင်ဘက်တွင်ရှိနေသော အနက်ရောင်အရာနှစ်ခုကို ကြည့်ပြီး တုံ့ဆိုင်းသွားသည် ။

အခြားသူများ၏အာရုံကလည်း ရွှံ့အပေါ်သာ ရောက်နေကြတော့သည်။ ပရိတ်သတ်များပင် ရင်တထိတ်ထိတ်မဖြစ်ပဲ မနေနိုင်ကြချေ။

သူတို့ ကုပိုင်ကို ယုံကြည်သော်လည်း ယခုတစ်ကြိမ်တွင် သူ သူ့ကိုယ်သူ အရှက်ရစေမိမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။

"တကယ်တော့ အဲဒါက နာမည်ကြီးဟင်းလျာတစ်မျိုးလည်း ဖြစ်ပါတယ် လူတွေက သူဖုန်စားကြက်ကင်လို့ သိကြပေမယ့် ကျွန်တော်ကတော့ ခွဲခွာမရနိုင်သောငှက်မောင်နှံလို့ အဓိပ္ပာယ်ဖွင့်ဆိုရတာကို ပိုကြိုက်တယ် အဲ့ဒီနာမည်က ထာဝရဝမ်းနည်းမှုလို့ ခေါ်တဲ့ ပိုင်ကျူးရိရဲ့ ကဗျာကနေ ဆင်းသက်လာတာပါ ကောင်းကင်မှာဆို ကိုယ်တို့တွေက အတူတူ ပျံသန်းကြမယ့်ငှက်နှစ်ကောင်၊ မြေပြင်မှာဆို အခက်အလက်တွေ အပြန်အလှန်ဆက်နွယ်နေတဲ့ သစ်ပင်နှစ်ပင်ပါ ကောင်းကင်နဲ့မြေကြီးက ထာဝရမတည်မြဲနိုင်ပေမယ့် ဒီဝမ်းနည်းမှုကတော့ ထာဝရပါလို့ ကဗျာထဲမှာ သူပြောခဲ့တယ်"

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now