Chapter 70

955 136 2
                                    


[တကယ်ကြီးလားဟ ? အစွန်အဖျားဂြိုလ်လား? မင်း ငါ့ကိုမလိမ်နဲ့နော် ရှောင်ပိုင် ငါက စာတတ်တယ်၊ ဒါကြောင့် ဗဟိုကြယ်‌တောင်မှ သူ့ရဲ့မြေကွက်အနည်းငယ်ကသာ စိုက်ပျိုးလို့ရတယ်ဆိုတာ ငါသိတယ် တခြားဂြိုလ်တွေ အထူးသဖြင့် အစွန်အဖျားဂြိုဟ်တွေကိုတော့ ထည့်ပြောလို့တောင်မရဘူး မင်းရှိတဲ့ဂြိုလ်က ဆင်းရဲသားရပ်ကွက်တစ်ခုလိုပဲ အထဲမှာ အပင်စိုက်ပျိုးထည့်လို့ရတဲ့ လယ်ကွက်က မင်းမှာ ဘယ်လိုလုပ်ရှိမှာလဲ]

[ဟားဟား! ငါရယ်နေတာကို မရပ်နိုင်တော့ဘူး မြင်လား? သူက သူ့ကိုယ်သူ အရှက်ခွဲနေတာလေ! မင်းရဲ့အသိပညာက မင်းရဲ့အပြင်ပန်းရုပ်သွင်ကို ပံ့ပိုးဖို့ မလုံလောက်ဘူး ဒါက ဒီနှစ်ထဲမှာ ငါကြားရတဲ့ အကြီးမားဆုံးဟာသပဲ]

ကုပိုင်သည် မရေမတွက်နိုင်သော မှတ်ချက်များနှင့် မေးခွန်းများကိုမြင်လျှင်ပင် မတုံ့ပြန်ပေ။

သူတို့မေးသည့်အဖြေကို သူပေးပြီးသားဖြစ်၏။ ယုံသည်မယုံသည်က သူ့ကိစ္စမဟုတ်တော့ချေ။

ထို့နောက်မှာတော့ ကုပိုင် သူ့ပရိသတ်များနှင့် အကြိမ်ပေါင်းများစွာ အပြန်အလှန်စကားပြောဆိုခဲ့ပြီး ညစာကို ပိုအာရုံစိုက်ထားခဲ့သည်။

ပရိသတ်အများစုက သူ့အဖြေကို မယုံကြသလို ကုပိုင် သူ့အိမ်တည်နေရာကို ဖော်ထုတ်ရန် မရည်ရွယ်ထားလျှင်လည်း ကျိုးကြောင်းဆီလျော်သည်ဟု တွေးနေကြသောကြောင့် အဖြေကို အလေးအနက်မထားကြချေ။
သို့သော် ယုံကြည်ပြီး မှတ်မိနေသည့်သူအချို့လည်း ရှိပါသေး၏။

"ဒီလိုဟင်းလျာတွေက ကောင်းတယ် ချက်ရတာ လွယ်ကူပြီး အရသာကိုလည်း ပြောင်းလဲလို့ရတယ် အချိန်ရရင် စမ်းလုပ်ကြည့်ကြပါ" ကုပိုင်က စကားလည်းပြောရင်း ဆန်ကိုရေဆေးကာ ချက်ရန် ပြင်ဆင်နေသည်။“ဆန်ကို ရေထဲထည့်ပြီး သန့်စင်ဖို့အတွက် တစ်ဖက်ကနေ မွှေပေးပါ နောက်ကျရင် ပိုကောင်းတဲ့အရသာ ရနိုင်ဖို့ သူတို့ကို တအားကြီးမပွတ်ပါနဲ့ ရေနဲ့ဆေးပြီးရင် သင့်တော်တဲ့ရေထည့်ပြီး စချက်လို့ရပါပြီ" ကုပိုင် သူ့လက်ချောင်းကို ရေထဲကွေးညွှတ်၍ ထည့်ထားကာ သူ့ပထမဆုံးလက်ဆစ်၏ အဆုံးအထိ ရေရောက်နေသည်ကိုမြင်ပြီးနောက် ပေါင်းအိုးခလုတ်ကို နှိပ်လိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now