🍑 5 🍑

10.1K 1.2K 69
                                    

// Unicode //
~~~~~~~~~~

" သွားမယ် နိုင်နိုင် "

ရူပါ ကားထဲဝင်ထိုင်လိုက်သည်။ ဒီနေ့ ရူပါ တစ်ယောက်စိတ်ရွှင်လန်း‌နေပြီး မြင်မြင်သမျှဟာ လှပလို့နေသည်။ ခြံထဲကအပင်တွေလည်းလှသည်။ ခြံတံခါးကြီးလည်းလှသည်။ ကားထဲမှာချိတ်ဆွဲထားသည့် စံပယ်ပန်းတွေလည်းလှသည်။ ဘေးက ကားမောင်းနေသည့် နိုင်နိုင်တောင်လှနေသည်။

" ဘာလို့ စိုက်ကြည့်နေတာလဲ ရူပါ၊ ကျွန်တော်ချောနေလား "

နိုင်နိုင့်ရဲ့ ရွှတ်နောက်နောက်စကားကြောင့် ရူပါ ရယ်လိုက်ရင်း..

" ချောပါ့ဗျာ၊ ကျွန်တော့်ထက်တောင် ချောနေတယ် "

အမြှောက်ကြိုက်တဲ့ နိုင်နိုင်တစ်ယောက် ရူပါကချောတယ်ဆို၍ မျက်နှာကြီးက ဖြီးလို့နေသည်။

ရန်ကုန်မြို့ရဲ့ ကားလမ်းပိတ်ဆို့မှုကြောင့် လမ်းမှာတင် အတော်ကြာသွားသည်။ အရေးထဲ နိုင်နိုင် က သန့်စင်ခန်းသွားချင်လာ၍ အများသုံးသန့်စင်ခန်းရှိတဲ့ နေရာမှာရပ်ရသေးသည်။ ရူပါလည်း Instagram ဖွင့်ကာ ဟိုဟိုဒီဒီကြည့်ရင်းစောင့်နေလိုက်သည်။ နိုင်နိုင် သွားပြီး မိနစ်ပိုင်းလောက်အကြာမှာ ပြန်ရောက်လာသည်။

" ခါးပတ်ပတ်လေ "

" ဟုတ်.. အမ်..ခင်ဗျား !! "

ကားထဲပြန်ဝင်လာသူမှာ ရူပါ ထင်သလို နိုင်နိုင် မဟုတ်။ လူ့ဂွစာကြီးဖြစ်နေ၏။

" နိုင်နိုင်ရော၊ နိုင်နိုင် ဘယ်ရောက်သွားလဲ "

" ပြန်သွားပြီ၊ ခါးပတ်ပတ်လို့ "

" ခင်ဗျား !! ဘယ်လိုရောက်လာတာလဲ ကိုကို "

" မနက်က အမေ့ကိုဆိုင်လိုက်ပို့ရင်း နိုင်နိုင်ပြောတာ၊ မင်းအဝေးပြေးသွားမယ်ဆိုတာ၊ ငါလိုက်မလာချင်ပါဘူး၊ အမေက မင်းကိုအမိဖမ်းခိုင်းလို့ "

ရူပါ ငိုချင်လာသည်။ ‌လက်ထဲက အဝတ်စားတွေထည့်လာသည့် ကျောပိုးအိတ်ကိုခပ်တင်းတင်းပိုက်ထားလျှက် ထွဋ်ခေါင်အားကြည့်နေမိသည်။ ထွဋ်ခေါင်ပုံစံမှာ သားကောင်ဖမ်းမိထားသည့် မုဆိုးလိုလို။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now