🍑 47 🍑

7.2K 816 49
                                    

// Unicode //
~~~~~~~~~~

အခန်းထဲတွင်စာဖတ်နေတဲ့ ဟန့်ကိုကြည့်ပြီး ရှင်းသန့် ပြောသင့်၊ မပြောသင့်စဉ်းစားနေသည်။ လက်ထပ်ပြီးသော်လည်း ဟန်က ရွှန်းလဲ့ဆိုသည့်မိန်းကလေးနှင့် အဆက်သွယ်ရှိနေဆဲ။ အချိန်မရွေး ဟန့်ကိုဆုံးရှုံးရနိုင်သည်။ ဒါကြောင့် အခုလို အနားရှိနေခွင့်ရတဲ့အချိန်လေးမှာ ဟန်နှင့်ပျော်စရာကောင်းသည့် အခိုက်အတန့်လေးတွေဖန်တီးချင်မိသည်။ ဟန်ကတော့ လက်ခံပါ့မလားမသိ။

" ကလေးလေး "

" ဗျာ.. မမနေခြည် "

" ဘာတွေချောင်းနေတာတုန်း "

" မချောင်းပါဘူး.. ဟီး "

" ကြည့်.. ဒီမမကမြင်တာတောင် ငြင်းချင်သေးတယ်၊ ဘာလဲ ခွန်းကိုပြောစရာရှိလို့လား "

ရှင်းသန့် ခေါင်းညိတ်လိုက်သည်။

" ပြောစရာရှိတာများသွားပြောလေ၊ ခွန်းကကြောက်စရာကောင်းနေလို့လား ကလေးလေးရဲ့ "

" အဲ့လိုမဟုတ်ပါဘူး၊ ကျွန်တော်ပြောရင်.. ဟန်ကလက်ခံပါ့မလားမသိလို့ "

ရှင်းသန့် ပြောလိုက်တော့ မမနေခြည်ကတစ်ချက်ရယ်ကာ ‌စကားဆိုလာသည်။

" မပြောကြည့်ဘဲနဲ့ ဘယ်သိမှာလဲ၊ ဘာကိစ္စပဲဖြစ်ဖြစ် ခွန်းက ကလေးလေးကိုဦးစားပေးမှာ မမပြောတာကိုယုံလိုက် "

" ဒါပေမယ့်လဲ.. "

" ကဲ သွားပါ၊ ရင်ထဲရှိတဲ့အတိုင်း ဖြစ်ချင်တာတွေပြောချပစ်လိုက် "

ပြောပြီး ရှင်းသန့်ကို အခန်းထဲတွန်းထည့်လိုက်လေသည်။ စာဖတ်နေသည့် ဟန်က လှည့်ကြည့်တော့ ရှင်းသန့် ဟီးခနဲရယ်ပြရုံမှလွဲပြီး ဘာပြောရမှန်းမသိ။

" ‌ဘာလဲ ရှင်းသန့် "

" ကျွန်တော်..ဟန့်ကိုပြောစရာရှိလို့ "

" ‌ပြော "

" ဟိုဟာ.. ဟန်များ..ရုပ်ရှင်ကြည့်ချင်လားလို့ "

" ရုပ်ရှင် ? "

" ဟုတ် "

" ရှင်းသန့်ကြည့်ချင်လို့လား "

ဟန်ကလက်ခံမယ့်ပုံစံဖြစ်သောကြောင့် ရှင်းသန့်ပျော်သွားကာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now