🍑 46 🍑

7.5K 830 110
                                    

// Unicode //
~~~~~~~~~~

" သား ဘာတွေလုပ်နေလဲ ခွန်း၊ ဟို‌နေ့ညက ဘာလို့အိမ်ပြန်မလာတာလဲ "

" ရွှန်းလဲ့ အက်ဆီးဒန့်ဖြစ်လို့ မေမေ၊ အများကြီးမထိခိုက်ပေမယ့် တစ်ယောက်တည်းဆိုတော့ ဖြစ်ဖြစ်ချင်းအရမ်းလန့်သွားပုံပဲ၊  မိဘတွေသိရင်အရမ်းစိတ်ပူမှာစိုးလို့ သားကိုခေါ်တာ "

သူပြောလိုက်တော့ မေမေကနားလည်ပေးသော်လည်း သိပ်သဘောကျဟန်မရှိ။ ဘေးက နေခြည်မကလည်းမျက်စောင်းတခဲခဲနှင့်ဖြစ်သည်။ သူ့မှာ ဘာအပြစ်လုပ်ထားမှန်းတောင်မသိဘဲ အမေနှင့်ညီမဖြစ်သူကြားမှာ ကုပ်ကုပ်လေးထိုင်နေရ၏။

" အိမ်ထောင်ရေးဖောက်ပြန်ရင် မေမေခွင့်လွှတ်မှာမဟုတ်ဘူးနော် "

" ဟာ မေမေကလဲ...၊ သားကဘာလို့ဖောက်ပြန်ရမှာလဲ "

" မင်းကအိမ်ထောင်ကျပြီးမှ အချိုးတွေပြောင်းနေတာလေ "

ဘယ်လို‌တွေပြောင်းနေလဲဆိုတာ သူကိုယ်တိုင်တောင်မသိပါ။ မေမေ့အရှေ့တွင်တော့ သူလုပ်နိုင်တာ ခေါင်းငုံ့ထားရုံသာ။

" အပြင်သွားတာတွေဆင်ခြင် ခွန်း၊ ရှင်းသန့်လေးက သားမျက်နှာနဲ့ ဒီအိမ်မှာနေ‌နေတာ "

" ဟုတ်ကဲ့ပါ "

" မေမေကတော့ မင်းကို မင်းအဖေရဲ့အလုပ်မှာပဲရှိစေချင်ပြီ၊ ဆိုင်ကို ရှင်းသန့်နဲ့လွှဲလို့ရရင် လွှဲလိုက် "

ဒီစကားက သူ့ကိုပြောနေတာ တစ်ခါ၊ နှစ်ခါမကတော့။ ရှင်းသန့်လက်ထဲ ဆိုင်မထည့်ချင်၍မဟုတ်ပါ။ လုပ်ငန်းတစ်ခုကိုဦးစီးတယ်ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ ပြီးတော့ ရှင်းသန့်ကို လူငယ်သဘာဝလွတ်လွတ်လပ်လပ်သာနေစေချင်သည်လေ။

" သား ရှင်းသန့်ကိုမေးကြည့်ပါဦးမယ်၊ သူလုပ်ချင်တယ်ဆိုရင်တော့ မေမေပြောသလိုပဲလုပ်လိုက်မယ် "

" အေး အေး.. ကလေးရဲ့ဆန္ဒကိုအရင်မေးနော် " 

ဖေဖေကအစ နေခြည်အဆုံး ရှင်းသန့်ကိုအတော်လေးချစ်ကြသည်။ သားအရင်းဖြစ်သည့် ခွန်းချိုသာဟန်ကိုတောင် သတိရကြသေးရဲ့လားမသိ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now