🍑 60 🍑

7.7K 912 67
                                    

// Unicode //
~~~~~~~~~~

" ဟန်.. "

နွေးထွေးသည့်မျက်ဝန်းတွေဟာ အခုတော့အေးစက်စွာ ခံစားချက်မဲ့နေသယောင်။ ရှင်းသန့် ရင်ထဲဝမ်းနည်းမှုအစား ကြောက်ရွံ့ခြင်းကနေရာယူလာသည်။ ဟန် မုန်းသွားမှာကိုကြောက်သည်။

" ရွှန်းလဲ့ ပြောခဲ့သားပဲ၊ သူက ခွန်းကိုချစ်တယ်ဆိုပြီး တစ်ကိုယ်ကောင်းဆန်နေတာပါဆို "

" မဟုတ်ဘူး.. အဲ့လို မဟုတ်ဘူး ဟန် "

စိတ်ပျက်သလို အကြည့်လွှဲသွားသော ဟန့် ပုံစံက သူ့ရင်ကိုတဆစ်ဆစ်နာကျင်စေသည်။ မျက်နှာလွှဲထားရလောက်အောင် ဟန် စိတ်နာနေပြီလား။

" တောင်းပန်ပါတယ် ဟန်..၊ ကျွန်တော်.. ကျွန်တော် အမှားကြီးလုပ်မိတာ သိပါတယ်၊ တောင်းပန်ပါတယ်.. ကျွန်တော့်ကို မမုန်းပါနဲ့ "

အကြည့်တစ်ချက်‌‌တောင် စွန့်ကြဲခြင်းမရှိတာဟာ သူ့မှာ လက်တစ်ဆုပ်စာမျှော်လင့်ချက်လေးတောင် မရှိတော့ဘူးဆိုတဲ့ သဘောများလား။ တစ်ချိန်ချိန်မှာ ဟန် သိသွားမယ်ဆိုတာနားလည်ထားပေမယ့် တကယ်တမ်းဖြစ်လာတဲ့အခါမှာတော့ ဟန် မုန်းသွားမှာကို သေမတတ်ကြောက်ရွံ့နေမိသည်။

" အစတည်းက ငါသတိပေးခဲ့တယ်နော်၊ ကိုယ့်နေရာ ကိုယ်သိလို့ "

ထို့သို့ပြောပြီးနောက် ရွှန်းလဲ့ဆိုတဲ့အမျိုးသမီးက ခြေလှမ်းကြဲများဖြင့် အခန်းထဲမှထွက်သွားလေသည်။ တိတ်ဆိတ်သွားသော အခန်းတွင်း၌ ရှင်းသန့်ဟာ ဟန့် ရဲ့မျက်နှာကိုသာ ငေး‌ကြည့်နေမိသည်။ ဒါဟာ နောက်ဆုံးအကြိမ်ငေးမောရခြင်းလား။

ငြိမ်သက်ကာ စကားတစ်ခွန်းမှမဆိုသော ဟန်က သူ့ကိုလည်းမကြည့်။ သူကပဲ အလိုက်သိစွာ ထွက်သွားသင့်သည့်မဟုတ်လား။

" ဟန်.. ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်.. ကျွန်တော် ဟန့်ကိုချစ်လို့.. "

သူ့မှာ ပြောစရာစကားတွေအများကြီးရှိနေသေးသည်။ အထူးသဖြင့် ဟန့်ကိုချစ်ခဲ့တာဟာ အလိမ်အညာမဟုတ်တဲ့‌အကြောင်း။ သို့ပေမယ့် သူ့စကားတွေက ယုံချင်စရာတောင်ကောင်းပါ့တော့မလား။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now