// Unicode //
~~~~~~~~~~* Beeee..... Beeee..... *
* Beeee..... Beeee..... *
အဆက်မပြတ်ဝင်နေသောဖုန်းသံဟာ အနှောင့်ယှက်ဖြစ်လွန်းသည်။ မျက်လုံးတွေမဖွင့်သေးဘဲ ဖုန်းကိုလိုက်စမ်းသည်။ လက်ထဲ ဖုန်းရောက်လာမှ နားမှာကပ်လိုက်၏။
" Hello.. "
* ဝိုင်းမင်းဆက် !! မင်းဘယ်မှာလဲ *
တစ်ဖက်ကအော်သံစူးစူးကြောင့် ဖုန်းကို နားနဲ့ခွာလိုက်ရသည်။ နာမည်မမှတ်ထားသည့်ဖုန်းနံပါတ်ကို သူလည်းမသိ။
" ဘယ်သူလဲ "
* ငါ.. ငါ.. မင်းကျေးဇူးရှင် လင်းရူပါသွင် *
" ဪ.. ဘာလို့အော်ဟစ်နေတာတုန်း၊ ဖြည်းဖြည်းပြောပါဟ "
* ငုံးကောင် !! ကိုတေဇကို မင်းခိုးမှာလား ငါခိုးမှာလား *
" ဟမ် !? အား.... သွားပြီ.. သွားပြီ... ငါမေ့နေတာ.. အခုလာပြီ.. အခုလာပြီ... ဘယ်နားရောက်ပြီလဲ "
* ×××× လမ်းက ××××× ဆိုင်မှာ၊ ငါအချိန်ဆွဲထားမယ် မြန်မြန်လာ *
" အင်း အင်း အခုလာပြီ "
ဖုန်းချပြီးတာနဲ့ ကုတင်ပေါ်ကအပြေးအလွှားဆင်းကာ ဦးထုတ်ကိုအမြန်ဆောင်းလို့ အဆင်ပြေမယ့်အင်္ကျီလက်ရှည်တစ်ထည်ကောက်စွပ်ပြီး ထွက်လာခဲ့သည်။ ဖိနပ်ကိုတောင် ဓာတ်လှေကားထဲရောက်မှ ကြိုးချည်ရသည့် ဝိုင်းမင်းဆက်ပင်။ ကိုကြီးကို ကားတင်ပြေးမယ့်အကြံကြောင့်တစ်ညလုံး အိပ်မပျော်နိုင်အောင်စိတ်လှုပ်ရှားခဲ့ပြီးမှ ရုတ်တရက်မေ့သွားရသည့်အဖြစ်။
" ဟာ.. ကားသော့ကျန်ခဲ့ပြန်ပြီ.. ရူးချင်တာပဲ ဝိုင်းမင်းဆက်ရာ !! "
အခန်းကိုပြန်ပြီးကားသော့ပြန်မယူချင်တော့၍ ကားသာငှားလိုက်တော့သည်။ ထိုအခါတွင်လည်း ဝိုင်းမင်းဆက်တို့ စိတ်ညစ်စရာကြုံရပြန်သည်။ သူစီးလာသောကားက ကားများစွာစီတန်းနေသောဓာတ်ဆီဆိုင်သို့ ဦးတည်နေသည်လေ။
" ဦးလေး.. ဆီမရှိတော့ဘူးလားဟင် "
" ရှိတော့ရှိပါသေးတယ်၊ ကြိုထည့်ထားမလို့ "
![](https://img.wattpad.com/cover/229540742-288-k134415.jpg)
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romansaပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။