🍑 38 🍑

7.9K 876 111
                                    

// Unicode //
~~~~~~~~~~

အခန်းတံခါးဖွင့်သည်နှင့် မြင်လိုက်ရသည့် တောင့်တောင့်ကြီးရပ်နေသူ ထွဋ်ခေါင်ကြောင့် ရူပါလန့်ဖျပ်သွားသည်။

" လူကိုနှလုံးရပ်ပြီးသေအောင်လုပ်နေတာလား "

ရင်ဘတ်‌လေးကိုဖိပြီး မကျေမချမ်းရေရွတ်လိုက်သည်။ ဘာစကားမှထွက်မလာဘဲ လူကိုသာစိုက်ကြည့်နေသော ထွဋ်ခေါင်။ ရူပါ ကိုယ့်ကိုယ်ကိုလည်းဘာဖြစ်နေသလဲလို့ ပြန်ကြည့်ရသည်။

" ဘာလဲ၊ မူးနေတာလား "

အနားကပ်သွားပြီးခြေဖျားထောက်ကာ နှာခေါင်းလေးတရှုံ့ရှုံ့လုပ်ရင်း အနံ့ခံကြည့်ပေမယ့် အရက်နံ့အစား ကိုယ်နံ့သင်းသင်းသာရသည်။

" ငါ့ကိုကူညီ "

" ဟမ် "

အစအဆုံးမရှိသောစကားကို နားမလည်သလိုမော့ကြည့်နေသော ရူပါ့အား လက်ကဆွဲကာအခန်းထဲဝင်လာသည်။ အခန်းတံခါးကိုပါ လော့ခ်ချပစ်လိုက်တဲ့ ထွဋ်ခေါင်တစ်ယောက် ဘာဖြစ်နေတယ်ဆိုတာ ရူပါမသိသေး။

" ငါမင်းကိုကူညီဖူးတယ်လေ၊ အခု ငါ့ကိုပြန်ကူညီပေး "

ထွဋ်ခေါင်စကားရဲ့အနက်အဓိပ္ပာယ်ကို အတော်လေးစဉ်းစားပြီး သိသွားချိန်မှာ ရူပါ မျက်လုံးတွေပြူးကျယ်သွားလေသည်။

" ခင်ဗျား.. ဟို.. ဟိုဟာ.. ဟိုဟာကိုပြောတာလား "

အထစ်ထစ် အငေါ့ငေါ့ဖြစ်နေသော ရူပါကို ကုတင်ပေါ်တွန်းလှန်လိုက်ကာ ထွဋ်ခေါင် အပေါ်ကနေအုပ်မိုးလိုက်သည်။ နက်ခ်တိုင်ကိုချွတ်ပစ်ပြီး ပခုံးကိုတွန်းနေသော ရူပါ့ရဲ့လက်လေးနှစ်ဖက်ကိုချည်နှောင်ထားလိုက်၏။ အဖြူရောင်ညအိပ်ဝတ်အင်္ကျီရဲ့ကြယ်သီးများမှာ ထွဋ်ခေါင်ရဲ့စိတ်မရှည်မှုကြောင့် တစ်စစီပြုတ်ကုန်သည်။ လစ်ဟာသွားသော ရင်ဘတ်သားဖွေးဖွေးလေးနှင့် ညှပ်ရိုးလေးအား စုပ်ယူလိုက်၊ ခပ်ဖွဖွနမ်းလိုက်လုပ်နေရင်း လက်တစ်ဖက်ကလည်း ရင်ဘတ်ကအသီးလေးများကို ဆော့ကစားနေသည်။

ခံစားမှုက ဆန်းကျယ်လွန်းသော်လည်း နှုတ်ခမ်းတို့ကိုတင်းတင်းစေ့ထားကာ အသံမထွက်မိအောင် ရူပါကြိုးစားနေသည်။ Nipple များကို စုပ်ယူရင်း သွားဖြင့်ခပ်ကြိတ်ကြိတ်လေးကိုက်လိုက်ချိန်မှ ရူပါ့ရဲ့နှုတ်ခမ်းလွှာတို့ပွင့်ဟသွားသည်။ 

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now