🍑 52 🍑

7.5K 853 43
                                    

// Unicode //
~~~~~~~~~~

ဆိုင်ထဲကအထွက် လမ်းမပေါ်သို့လှမ်းငေးမိသည်။

ရန်ငြိမ်းဝေကိုမမြင်ရတာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ အရင်‌နေ့တွေမှာ မမြင်ချင်မှအဆုံး တွေ့နေရသည့်လူက အခုဆို ပျောက်နေတာတစ်ပတ်ရှိလေပြီ။ Club ကနေထွက်ခဲ့ပြီးကတည်းက မိုးသောက်လည်း တစ်ခါမှမသွားဖြစ်။ သို့သော်လည်း မိုးသောက်ဆီကိုတော့ သူအမြဲလာတတ်သည်။ အခုတော့ လုံးဝကိုပေါ်မလာခြင်း၏။

သူ့တိုက်ခန်းကို သွားကြည့်သင့်လား..။

" မိုးသောက်.. မပြန်သေးဘူးလား "

ဆိုင်ထဲမှထွက်လာသည့် ရှင်းသန့်ကလှမ်းမေးသည်။

" ပြန်တော့မှာ "

" အေး ဆိုင်ကယ်ဂရုစိုက်မောင်းဦး၊ ငါသွားပြီနော် "

ကိုခွန်းရဲ့ကားပေါ်သို့ ပြုံးရွှင်ကာ တက်သွားသည့် ရှင်းသန့်။ အရင်က ကိုခွန်း ဆိုင်ထဲကထွက်လာပြီး ကားမောင်းထွက်သွားသည်အထိ ခိုးကြည့်နေတတ်သောသူငယ်ချင်းလေးက အခုတော့ ကိုခွန်းနှင့်အတူရှိနေပြီ။ ရှင်းသန့်အတွက် ကံတရားဟာမျက်နှာသာပေးခဲ့သည်ပဲ။

အချိန်မှာ ည ၉နာရီခွဲ။ မိုးသောက် နောက်ထပ်အလုပ်တစ်ခုရှာနေချိန်ဖြစ်၍ သွားစရာတော့မရှိ။ ထို့ကြောင့် ပေါ်မလာသူ ရန်ငြိမ်းဝေဆီကိုသာ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ နွေမိုးသောက်ဆိုတဲ့သူက လူမှုရေးတော့ သိတတ်သည်လေ။

ယဉ်ရပ်သည့်နေရာတွင် ဆိုင်ကယ်ထားခဲ့ပြီး မိုးသောက် တက်လာခဲ့သည်။ ထိုအချိန် ယုဇန ဆိုသည့် မိန်းကလေးနှင့် စင်္ကြန်လမ်းတွင်ဆုံကြသည်။ သူမက မိုးသောက်ကိုတွေ့တော့ တစ်ချက်သာကြည့်ပြီး ထွက်သွား၏။ ငိုလည်းငိုနေသည်။ ရန်ငြိမ်းဝေ အခန်းသို့လှမ်းနေသော မိုးသောက်ရဲ့ခြေလှမ်းများလည်း သွက်လာလေသည်။

ဘဲလ်တီးတော့ တစ်ကြိမ်တည်းနှင့်တံခါးပွင့်လာသည်။ မတွေ့ရသည့်တစ်ပတ်အတွင်း သိသာစွာချောင်ကျသွားသောမျက်နှာနှင့် ညိုနေသော မျက်ကွင်းများ။ ဖွာနေသောဆံပင်တွေဟာ နဖူးပေါ်ဝဲကျနေ‌ပြီး မျက်လုံးများကိုပင် အုပ်တော့မည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now