🍑 2 🍑

13.5K 1.3K 99
                                    

// Unicode //
~~~~~~~~~~

" သားတို့ကို လက်ထပ်ပေးမယ် "

" ဗျာ "

" ဟမ် !? "

ထွဋ်ခေါင် နှင့် ရူပါတို့ တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်ကာ မျက်မှောင်ကြုတ်ကြ၏။ ထွဋ်ခေါင်ရဲ့အမေ ဒေါ်ကြည်ပြာနှင့် ရူပါ့အမေဖြစ်သူ ဒေါ်ခင်ရူပါတို့ကတော့ ပြုံးလို့နေသည်။

" မနောက်ပါနဲ့ မေလေးရာ "

" ဟုတ်တယ် မေမေ၊ ဒါနောက်စရာမဟုတ်ဘူးနော် "

ရူပါ့စကားကို ထွဋ်ခေါင်ကပါ‌ ဝင်ထောက်ခံသည်။

" ဘာလို့ မေမေကနောက်ရမှာလဲ၊ သားတို့ကို တကယ်လက်ထပ်ပေးမှာ "

ထွဋ်ခေါင် အမေ‌ရဲ့စကားကြောင့် နှစ်ယောက်သား မျက်နှာတွေကမဲ့ကြသွားပြန်သည်။ ရူပါကတော့ ချက်ချင်းပဲငိုချင်းချတော့မယ့်ရုပ်။

" မဖြစ်နိုင်တာ မေမေရာ "

" အင်းလေ မဖြစ်နိုင်တာတွေမေလေးရာ "

ထွဋ်ခေါင်စကားကို ရူပါက ထောက်ခံသလိုပြောတော့
အမေနှစ်ယောက်က မျက်ခုံးပင့်ကြ၏။ ဒေါ်ခင်ရူပါ က ပြုံးလျှက်ဆိုလေသည်။

" နှစ်ယောက်သား ရှေ့သွားနောက်လိုက်ညီနေရော "

ထိုအခါ ထွဋ်ခေါင်နှင့် ရူပါ မျက်နှာလွှဲကာ ခေါင်းငုံ့သွားကြသည်။ ကိုယ်စီအတွေးထဲမှာတော့ နှစ်ယောက်သားလက်ထပ်ပြီးလျှင် ဖြစ်လာမယ့်အနာဂတ်ကြီးကို ကြိုတင်မှန်းဆနေကြသည်။ ထွဋ်ခေါင်ကတော့ ရူပါ့ကိုယူလျှင် အနာဂတ်မှာ နေ့ချင်းညချင်းကလေးထိန်းဘဝသို့ရောက်မှာမြင်ယောင်နေသည်။ ရူပါကလည်း ထွဋ်ခေါင်နဲ့ယူလိုက်လျှင် သူချည်းပဲအဟောက်ခံကာ နိုင်စားခြင်းခံရမှာကို တပ်အပ်သိနေ၏။ ထိုသို့ဖြင့် နှစ်ယောက်သား ငြင်းဆန်ရန်စကားလုံးများ ရှာနေကြသည်။

နာရီကိုကြည့်လိုက်တော့ ည ၁၁ နာရီကျော်ပြီဖြစ်သည်။ ဒီအချိန်ဆို ဘော်ဒါ‌တွေဖြစ်သည့် ရှင်းသန့်နှင့် မိုးသောက်တို့လည်း အိပ်လောက်ပြီဖြစ်၍ ဖုန်းခေါ်ပြီး ရန်ရှာလို့မရနိုင်။ ထိုအခါ ရူပါ့ ရဲ့ မျှားဦးက * လူ့ဂွစာ * လို့မှတ်ထားသည့် contact ဆီသို့ ဦးတည်သွားသည်။ 

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now