// Unicode //
~~~~~~~~~~မိုးလေးတဖွဲဖွဲရွာသောယနေ့တွင် Han's Cafe ကော်ဖီဆိုင်လေးအတွင်းလူကျနေသည်။ သီချင်းငြိမ့်ငြိမ့်လေးဖွင့်ထားသည့်ဆိုင်လေးမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ အနွေးဓာတ်ကလေးရှိသည်။ ဆိုင်လေးထဲတွင် ကော်ဖီပူပူလေးသုံးဆောင်ရင်း စာအုပ်ဖတ်နေသူများလည်းရှိပြီး တချို့မှာတိတ်ဆိတ်ငြိမ်သက်စွာ social media အသုံးပြုနေကြသည်။ ဆူညံသံများကင်းစင်သောဆိုင်လေးမှာ ဆိတ်ငြိမ်လျှက်ရှိသည်။
ထိုအချိန် ဆိုင်ထဲသို့ဝင်လာသော ရန်ငြိမ်းဝေ ဆိုသည့်သကောင့်သားကြောင့် ထိုဆိတ်ငြိမ်မှုလေးပျက်သုဉ်းသွား၏။
" အချစ်လေး "
ကောင်တာမှာထိုင်နေသည့် ချိုသာ့ကိုလှမ်းခေါ်ရင်း မြောက်ကြွနေသောခြေလှမ်းများဖြင့်ဝင်လာသူ။ သူ့အနောက်တွင်တော့ ထွဋ်ခေါင်လည်း လိုက်ပါလာသည်။ အနားကိုရောက်လာပြီး ပခုံးပေါ်လက်လာတင်သည့် သကောင့်သား ရန်ငြိမ်းဝေ။ ရေခဲရိုက်ကိုယ်တော်ကတော့ နှုတ်တောင်မဆက်ဘဲ လွတ်နေတဲ့ဝိုင်းမှာဝင်ထိုင်လေသည်။
" မတွေ့တာကြာပြီနော်၊ အချစ်လေးစိမ်းကားတယ်ကွာ "
" ဘာလာဖြစ်နေတာလဲ၊ လွှတ်စမ်း.. ငထွဋ်နဲ့စကားပြောမလို့ "
" အချစ်လေးက ငါနဲ့ကျမပြောချင်ဘူးပေါ့ "
ပြန်ဖြေရှင်းမနေတော့ဘဲ လက်ထဲကရုန်းထွက်လိုက်ပြီး ထွဋ်ခေါင်နှင့်မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
" ဘယ်လိုလဲ အခြေနေ "
" မနက်ဖြန် လက်ထပ်ပွဲ "
" ဝိုး.. congratulations ကွာ..၊ ရူပါ လက်ခံတယ်ပေါ့ "
" လက်မခံလို့မရဘူးလေ "
" အေးပါကွာ၊ မင်းပိုင်တယ်ဆိုတာသိပါတယ် "
ထိုအချိန် သူ့ဘေးကို ရန်ငြိမ်းဝေဆိုတဲ့ကောင်ရောက်လာပြန်သည်။ လက်တစ်ဖက်ကလည်း ပခုံးကိုလာဖက်၏။
" ချိုသာ ငါမေးမလို့ "
" ဘာလဲ "
" ဟိုဖြူဖြူသေးသေးကောင်လေးက လူသစ်လား "
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။