// Unicode //
~~~~~~~~~~လူးလွန့်ပြီး မျက်လုံးတွေကိုလက်နှစ်ဖက်ဖြင့်ပွတ်သပ်ရင်း ချာတိတ်နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကိုမြင်လိုက်ရချိန် ချာတိတ်ရဲ့မျက်ဝန်းအစုံမှာကြောက်စရာသတ္တဝါကိုတွေ့လိုက်ရသလို ဝိုင်းစက်သွားသည်။ ထို့နောက် စောင်ပုံထဲကထွက်ကာ ကုတင်ပေါ်မှပြေးဆင်း၏။
" ကျွန်တော်.. ကျွန်တော်ဘယ်ကိုရောက်နေတာလဲ "
" ကိုယ့်တိုက်ခန်းလေ "
" ဘာလို့ ခင်ဗျားတိုက်ခန်းကိုရောက်နေတာလဲ !! "
" မင်းပဲ ညကအိမ်မပြန်ချင်ဘူးဆိုလို့ ခေါ်လာတာပေါ့ "
" ခင်ဗျား မလိမ်နဲ့ "
ဒီလိုဖြစ်မယ်ဆိုတာကြိုသိနေသူ ရန်ငြိမ်းဝေမှာ ဘေးကဖုန်းကိုယူပြီး recording ဖမ်းထားသော အသံကိုဖွင့်လိုက်သည်။
* အိမ်မပြန်ချင်ဘူး.. ကျွန်တော့်ကို ဒေါ်လေးရိုက်မှာ.. *
* ဒါဆို ကိုယ့်တိုက်ခန်းကိုလိုက်မလား *
* အင်း လိုက်မယ် *
ဆွံ့အနေသည့်ချာတိတ်ကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်၏။ ထို့နောက် ချာတိတ်က မှန်ရှေ့သွားကာ သူ့ကိုယ်သူဆန်းစစ်နေသောကြောင့် ရန်ငြိမ်းဝေမှာရယ်မိသေးသည်။
" ကျွန်တော်တို့.. ဘာမှမဖြစ်ခဲ့ဘူးမလား "
" ဖြစ်ခဲ့တာပေါ့ "
" ... "
ကြောင်အစွာကြည့်နေသည့်ကောင်လေးကို စချင်လာ၍ ရန်ငြိမ်းဝေ မျက်နှာကို သနားစရာကောင်းလောက်အောင် ညှိုးငယ်ကာပြောလိုက်သည်။
" ကိုယ်မရည်ရွယ်ပါဘူး "
" ဘာ ! "
" မင်းကဖြစ်ချင်ရင်တောင် ကိုယ်တားခဲ့ရမှာ "
" ခင်ဗျား ဘာတွေပြောနေတာလဲ၊ ကျွန်တော်တို့.. "
" အင်း.. ကိုယ်တို့ဖြစ်ခဲ့တယ် "
မယုံနိုင်သလို မျက်ဝန်းများဖြင့်ကြည့်နေသည့် ချာတိတ်။ အမှန်တကယ်ကြီးလန့်သွားတဲ့ ကောင်လေးကို ထပ်မစရက်တော့တာကြောင့် ရန်ငြိမ်းဝေ ရယ်ကာစကားဆိုလိုက်သည်။
YOU ARE READING
𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗
Romanceပထမဆုံးအရေးသားမို့ လိုအပ်ချက်တွေများပြီး ဇာတ်အိမ်ပေါ့ပါတယ်။