🍑 73 🍑

8K 811 82
                                    

// Unicode //
~~~~~~~~~~

" ထည့်စားနော် သားလေး "

" ဟုတ်ကဲ့ "

ထမင်းစား‌နေရင်း ပေစောင်းစောင်းကြည့်လာ၏သည့် ချာတိတ်ရဲ့အကြည့်တွေကို သူလျစ်လျှူရှုထားရသည်။ အလိုမကျဖြစ်နေရသည့်အကြောင်းရင်းကတော့ သူ့အား မပြောမဆိုနှင့် ရန်ငြိမ်းဝေရဲ့အိမ်သို့ခေါ်လာခြင်းကြောင့်ပင်။

" သားကအစပ်စားနိုင်တယ်လို့ ရန်ငြိမ်းပြောလို့ ပဲပြားကိုချဉ်စပ်လေးချက်ထားပေးတာ၊ စားလို့အဆင်ပြေလား သား "

" ဟုတ် ပြေပါတယ်ဗျ "

ချာတိတ်ကိုကြည့်ရတာ သက်တောင့်သက်သာရှိပုံမရ။ အားနာနေတာပဲဖြစ်မည်။ မေမေကလည်း အနေကျဉ်းကြပ်မည်စိုး၍ ထွက်သွားပေး၏။ နှစ်ယောက်တည်းကျန်ခဲ့သော ထမင်းစားခန်းတွင် တိတ်ဆိတ်မှုကို ရန်ငြိမ်းဝေဘက်ကသာ ဖြိုခွဲလိုက်သည်။

" ကိုယ့်ကိုစိတ်ဆိုးနေတာလား "

" မဆိုးပါဘူး "

" စိတ်ဆိုးနေတာ သိပါတယ် "

" စိတ်မဆိုးဘူး၊ တကယ်ဆို ခင်ဗျား ကျွန်တော့်ကိုကြိုပြောသင့်တာပေါ့ "

" အင်း ဟုတ်ပါတယ်၊ မေမေက မင်းကိုအရမ်းခေါ်လာစေချင်တာဆိုတော့... ကိုယ်လည်း... "

" ထားလိုက်တော့ "

" ခဏနေ ပြန်မယ်လေနော် "

" အင်း "

ချာတိတ် ထမင်းစားပျက်မှာစိုး၍ သူလည်းတိတ်တဆိတ်သာနေလိုက်သည်။ ထမင်းစားပြီး ထွက်သွားတော့လည်း သူမတားရဲ။ မျက်နှာအရိပ်အကဲကြည့်နေရသူ ရန်ငြိမ်းဝေမှာ ကိုယ့်ကိုယ်ကိုပင်သနားလာသည်။

ဧည့်ခန်းသို့ထွက်လာချိန်တွင် မေမေနှင့် ချာတိတ်တို့စကားပြောနေကြသည်။ ဓာတ်ပုံအယ်လ်ဘမ်များလည်းချ‌ထားပြီး နှစ်ယောက်သားရယ်မောနေကြတာဖြစ်၏။

" ရန်ငြိမ်းကလေ ငယ်ငယ်ကဆို ကျောင်းမှာခဏခဏရှူးပေါက်ချတာ၊ အိမ်ပြန်လာရင် ဘောင်းဘီက ရှူးအကွက်လိုက်နဲ့၊ အဲ့ဒါ ၃တန်းအထိနော် "

" ဟားဟား.. မထင်ရဘူးနော် အန်တီ၊ ရုပ်လေးကြည့်တော့ ချစ်စရာလေးနဲ့ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now