🍑 7 🍑

9.4K 1.1K 91
                                    

// Unicode //
~~~~~~~~~~

မင်္ဂလာခန်းမကြီးအတွင်း များစွာသောဧည့်သည်တော်များဖြင့် စည်ကားလျှက်ရှိသည်။ ခန်းမအတွင်းမှ လိုက်ကာရှည်ကြီးများမှာ အဖြူရောင်နှင့်အပြာ‌ရင့်ရောင် ရောစပ်အသုံးပြုထားသည့်အတွက် အမြင်ဆန်းကာလှပနေသည်။ ခန်းမရဲ့နံရံပတ်ပတ်လည်တွင်တော့ ထွဋ်ခေါင်နှင့်ရူပါ တို့ရဲ့ နှစ်ယောက်တွဲဓာတ်ပုံများစွာကို သေသပ်လှပစွာမြင်ရမည်။

ခန်းမရဲ့အဝင်ဝတွင် MoneYupar shipper များစီစဉ်ထားသော photo stand ကြီးနှစ်ခုမှာ မြင်ရသူတိုင်းကို သဘောကျကာပြုံးမိသွားစေသည်။ လှပသောအပြင်အဆင်နဲ့ အချိန်အဆမှန်သော lighting ကိုပေါင်းလိုက်သည့်အခါ မင်္ဂလာခန်းမမှာ လွန်စွာခမ်းနားလှသည်။ ခန်းမအတွင်း တစ်စထက်တစ်စ များပြားလာသော ဧည့်သည်တော်တို့မှာလည်း သတို့သားနှစ်ဦးအား မြင်တွေ့ချင်ကတဖွားဖွားဖြစ်နေကြလေပြီ။

တစ်ဖက်တွင်တော့...

" ဆိုးလိုက်ပါ သားရယ် "

" ဆိုးချင်ပါဘူး၊ နှုတ်ခမ်းနီကြီးမကြိုက်ဘူး "

" ဆိုးလိုက်ပါ သားရယ်၊ အဲ့ဒါမှ ထွဋ်ထွဋ်နမ်းရင် ချိုချိုမွှေးမွှေးလေးဖြစ်နေမှာ "

" နမ်းရဲနမ်းကြည့်ပါလား၊ ဒုတ်ထိုးပြီးကင်ပစ်မှာ "

မိတ်ကပ်ပြင်ပေးတဲ့သူမှာ ရူပါ့ရဲ့ရစ်မှုတစ်သိန်းကြောင့် အတော်လေးခေါင်းစားနေပြီဖြစ်သည်။ နှုတ်ခမ်းနီမဆိုးချင်၍ ဂျစ်တိုက်နေသည့် ရူပါကို နောက်ဆုံးတော့ သူပဲလက်လျှော့လိုက်ရသည်။ မျက်နှာပေါ် မိတ်ကပ်တင်တာတောင် ပါးစပ်ကနားရွက်ချိတ်မတတ်ပြောရသည်လေ။

ထိုစဉ် အခန်းတွင်းသို့ ရှင်းသန့်နှင့် မိုးသောက်တို့ ဝင်လာသည်။

" သတို့သားဝတ်စုံနဲ့ ပိုပုသွားတယ် "

မိုးသောက်ရဲ့စကားကြောင့် စားပွဲပေါ်ကမိတ်ကပ်ဘူးကိုဆွဲယူကာ ပစ်ပေါက်လိုက်၏။

" ဟယ်.. ဟယ်.. မာမီ့ကလေးလေးလေးကို ဘယ်လိုလုပ်တာလဲ သားရယ် "

" အာ.. sorry မာမီ၊ ဟိုကောင့်ကိုလုပ်ချင်ဇောနဲ့ တွေ့တဲ့ဟာကောက်ဆွဲလိုက်တာ ဟီးဟီး"

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now