🍑 42 🍑

7.5K 846 87
                                    

// Unicode //
~~~~~~~~~~

* Good morning ကိုကို 💕 *

* ကိုကို.. နေ့လည်စာစားပြီးပြီလား 😚 *

* အိမ်ပြန်ရောက်ပြီလား ကိုကို 🙁 *

* Good night 😴  ကိုကို့အိပ်မက်ထဲကို ဝိုင်းလာခဲ့မယ် 🤗💓 *

များစွာသော message‌ တို့ကိုဖတ်ရှုပြီးနောက် ရူပါတစ်ယောက်သွေးတက်လေပြီ။ ကိုကိုဆိုတာချင်းထပ်အောင်ခေါ်ပြီး သုံးထားသည့် emoji များကအစ ကြောင်တောင်တောင်နိုင်လွန်းသည်။ သူ့လိုလူကို ထွဋ်‌ခေါင်ဆိုတဲ့ ကိုကိုကစိတ်ဝင်စားမည်တဲ့လား။ စာတိုပေါင်းများစွာပို့‌ထားသော်လည့် ကိုကို့ဘက်က တစ်စောင်တောင်ပြန်ပို့ထားခြင်းမရှိသောကြောင့် ရူပါ ပြုံးမိသွားသည်။

" နှစ်ဘဝလောက် ဆုတောင်းလိုက်ဦး "

" ဘာလဲ "

" ဪ.. မဟုတ်ပါဘူး "

" ဘာလုပ်နေတာလဲ "

" ဘာမှမလုပ်ပါဘူး "

ရေချိုးခန်းထဲမှထွက်လာသည့် ကိုကို့ရဲ့ကိုယ်ပေါ်တွင် ရေစက်များတွဲခိုနေသည်။ အချိုးကျသော ခန္ဓာကိုယ်တွင် ရူပါ မျက်စိအကျဆုံးက ကျယ်ပြန့်သောရင်အုပ်ကြီးဖြစ်သည်။ ကိုကို့ကိုမနာလိုတာတစ်ချက်က သူ့ရဲ့ six packs‌ တွေက ဘယ်လောက်စားစားပျောက်မသွားခြင်းပင်။ ရူပါ့မှာတော့ ဗိုက်ပူပူလေးသာရှိသည်။

" မင်းရုပ်ရှင်ကြည့်ပြီးပြီလား "

ရုတ်တရက်‌ ကိုကိုမေးလာသည့်မေးခွန်း။ တစ်နေ့က ဟိုရေညှိလူသားအနောက်လိုက်နေရသည်နှင့် ရူပါကြည့်ချင်နေသည့် ရုပ်ရှင်ကားလေးလွတ်သွားရသည်။

" မကြည့်ရသေးဘူး "

" သွားကြည့်ဦးမှာလား "

" ကိုတေဇနဲ့တော့ချိန်းထားတယ် "

" ကိုယ်နဲ့သွားမလား "

ရူပါ ရယ်ချင်သွားသည်။ အခုတလော ရူပါ့အပေါ် မူမမှန်တာတွေရှိသည့် ကိုကို့ကိုအနည်းငယ်တော့ရိပ်မိသည်။ အထူးသဖြင့် ကိုတေဇနှင့်ပက်သတ်လာလျှင် ကြားကနေ နည်းနည်းလောက်ကတ်တီးကတ်ဖဲ့လုပ်တတ်သည်။ ဒါတွေရဲ့ အဖြေကို ရူပါ မသိချင်။ လင်းရူပါသွင်ဆိုတဲ့ သူ့အတွက် ဆက်ဆံရေးတစ်ခုကိုရေရှည်ဆွဲထားဖို့ရာ ခက်သည်။ ကိုကိုနှင့် ရှိနေသည့် ရင်းနှီးတဲ့ဆက်ဆံရေးကို မပျက်ချင်ပါ။ ထို့ကြောင့်ပင် တစ်ယောက်နှင့်တစ်ယောက် ဘာခံစားချက်မှမရှိခင် ကွာရှင်းလိုက်ချင်သည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now