🍑 20 🍑

8.7K 1K 82
                                    

// Unicode //
~~~~~~~~~~ 

" ဘာထူးခြားသေးလဲ ရှင်းသန့် "

ရူပါရဲ့မေးခွန်းအဆုံးမှာ ရှင်းသန့်တစ်ယောက်ငိုမဲ့မဲ့မျက်နှာလေးဖြင့် ခေါင်းကို‌ဖြည်းညင်းစွာခါသည်။

" ဟမ်..တကယ်ကြီးလား၊ ငါသေချာပြောခဲ့တာကို "

" ငါ့ကို.. ငါ့ကို မုန်းသွားပြီလားမသိဘူး၊ ဘယ်လိုလုပ်မလဲ၊ အမှန်တိုင်းပြောပြီး တောင်းပန်လိုက်ရမလား "

" ဘာ !! မဖြစ်ဘူးလေ ရှင်းသန့်ရာ "

ရှင်းသန့်ကမျက်ရည်‌တွေဝဲနေပြီဖြစ်ရာ ရူပါစိတ်ညစ်သွားသည်။

" ငါ့ကို..အလုပ်ထုတ်ရင်ဘယ်လိုလုပ်မလဲ၊ ငါ့ကိုမုန်းသွားရင်ရော.. အင့် "

ပြောရင်း ရှိုက်သံ‌တွေပါလာပြီး မျက်ရည်တွေကျလာသည်။ ကိုခွန်းကိုသေချာပြောခဲ့သော်လည်း ဖုန်းတောင်မဆက်တော့ ရူပါ ချက်ချင်းပြေးသွားပြီး နှစ်ခြမ်းဆွဲဖြဲချင်စိတ်တွေဖြစ်လာလေသည်။

" ကိုခွန်းက လူရောဟုတ်ရဲ့လား၊ ကျောက်တုံးကြီးများလား "

သူ့လူကိုပြော၍ ငိုနေရင်းတောင် မျက်စောင်းခဲနေသော ရှင်းသန့်ကို ရူပါလက်မြှောက်ပါသည်။

" ငိုမနေနဲ့၊ မင်းအမေသိသွားမှ မိုးမီးလောင်မယ် "

" မေမေက နည်းနည်းသိပါတယ် "

ဒီလောက်အရူးထနေသည်ကို မသိဘဲနေမလားလေ။ တစ်ခန်းလုံးလည်း ကိုခွန်းပုံတွေချည်းနေရာယူထားသည်။ ထိုအရာကိုကြည့်ခြင်းဖြင့် တိမ်ယံရှင်းသန့်တို့ ဘယ်လောက်ရူးသွပ်လဲဆိုတာသိနိုင်သည်။ ဓာတ်ပုံများနှင့်ပြည့်နေသောအခန်းကို လှည့်ပတ်ကြည့်ရင်း ရူပါ စကားဆိုသည်။

" photographer သာလုပ်စားလိုက်ပါတော့ ရှင်းသန့်ရာ "

" photographer ဆိုရင်တောင် အစ်ကို့အတွက်ပဲ သီးသန့် "

အငိုတိတ်သွားတော့ ပြန်ပြီးကြည်ကြည်သာသာရှိလာသည်။

" ရူပါ.. ငါဘာလုပ်ရမလဲ၊ ခွင့်ယူထားတာလဲ တစ်ပတ်ပြည့်ပြီဆိုတော့ ငါမနက်ဖြန်ဆိုင်ကိုပြန်သွားရမှာ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now