🍑 70 🍑

7.4K 800 75
                                    

// Unicode //
~~~~~~~~~~ 

" ဒဏ်ရာကသက်သာလား "

" အင်း "

" ညစာရောစားပြီးပြီလား "

" မစားရသေးဘူး "

" အတူတူစားကြမလား "

" အင်း "

ပုံမှန်ထက်ပိုပြီးငြိမ်သက်နေသော ရန်ငြိမ်းဝေ။ စကားသိပ်မပြောချင်သလိုပုံစံကြောင့် မိုးသောက်လည်းတိတ်ဆိတ်စွာပဲ ညစာပြင်လိုက်သည်။ မိုးသောက် အလုပ်ပြီးတိုင်း ရန်ငြိမ်းဝေရဲ့တိုက်ခန်းကိုလာတာ အခုဆို ၅ ရက်ခန့်ရှိပြီဖြစ်သည်။ ရန်ငြိမ်းဝေရဲ့ စိတ်လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုးပုံစံကိုလည်း အသားကျနေပြီ။

ထမင်းစားတာကိုအာရုံစိုက်နေတဲ့ ရန်ငြိမ်းဝေ ခေါင်းသာငုံ့ထားသည်။ ပြောစရာစကားလည်းရှိပုံမပေါ်။ Bipolar သမားတစ်ယောက်ဆိုသည့်အတိုင်း တစ်ခါတလေမှာ စကားတွေရေပက်မဝင်အောင်ပြောတတ်ပြီး တစ်ခါတရံမှာတော့လုံးဝကိုတိတ်ဆိတ်နေတတ်သည်။ အရင်က မိုးသောက်လည်းစိတ်မသက်မသာဖြစ်ရပေမယ့် အခုတော့နားလည်လာသည်။ သူနေချင်သည့်အတိုင်း လိုက်နေပေးရုံသာ။

" ခင်ဗျား ဂစ်တာတီးတတ်လား "

" အင်း "

အိပ်ခန်းထဲကအညိုရောင်ဂစ်တာကို မိုးသောက် မြင်တွေ့ပြီးပြီဖြစ်သည်။ 

" ကျွန်တော့်ကိုဂစ်တာတီးပြီး သီချင်းဆိုပြ "

ခေါင်းမော့မလာပါ။

" ဘာလဲ.. ကျွန်တော် ခင်ဗျားနဲ့ညစာအတူတူလာစား‌တာ တစ်ပတ်ပြည့်တော့မယ်၊ ဒီလောက်တော့ ပြန်လုပ်ပေးသင့်တယ်လေ "

" မတီးချင်ဘူး "

အသံကငြိမ်သည်။ ပြတ်သားသည်။ ရန်ငြိမ်းဝေရဲ့မတူညီတဲ့ အခြားတစ်ဖက်ကပုံစံကိုမြင်နေရသလိုပင်။

" အင်း.. ဒါဆိုလဲ စိတ်ပါတဲ့အချိန်မှပေါ့ "

တိတ်ဆိတ်နေသောအခန်းတွင်း ဇွန်းနှင့်ကြွေပန်းကန်တို့ထိခတ်သံသဲ့သဲ့သာ ရှိနေသည်။ အမှောင်ချထား‌သောထိုတိုက်ခန်းဟာ မိုးသောက် ရောက်လာချိန်မှ တစ်ခန်းလုံးကမီးတွေလိုက်ဖွင့်ရသည်။ တစ်ခါတလေတော့ ရန်ငြိမ်းဝေဟာ မီးဖွင့်တာကိုစိတ်ဆိုးတတ်သည်။ သို့ပေမယ့် မိုးသောက်ကိုတော့ စိတ်ဆိုးပြီးပြောဆိုတာမျိုးမရှိပါ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now