🍑 72 🍑

7.7K 829 71
                                    

// Unicode //
~~~~~~~~~~

ရင်ဘတ်ကိုလာပြီးပွတ်သီးပွတ်သပ်လုပ်နေသောအရာကြောင့် တေဇ နိုးလာသည်။ စူးရှလွန်းတဲ့အလင်းရောင်ကြောင့် မျက်လုံးပင်ကျိန်းသွားသည်။ မိမိရင်ဘတ်ပေါ်က ပုံမှန်မဟုတ်ဘဲ တစ်ခုခုဖိထားသလိုခံစားချက်ကြောင့် ကြည့်လိုက်ရာ အိပ်မောကျနေသည့် ဝိုင်းမင်းဆက်ကိုတွေ့လိုက်ရသည်။ သူ့ရင်ဘတ်ပေါ်‌ကိုယ်တစ်ပိုင်းတင်ပြီးအိပ်ကာ လက်တွေကလည်းသိမ်းကျုံးဖက်ထားသေး၏။

" ဝိုင်းမင်းဆက်.. ထတော့ " 

ပခုံးကိုအသာလှုပ်နှိုးပေမယ့် နိုးမလာ။ ဘေးကဖုန်းကိုယူကြည့်လိုက်တော့ အချိန်ဟာ မနက် ၉နာရီခွဲ။ ညက အတော်လေးသောင်းကျန်းခဲ့တာကိုပြန်တွေးမိတော့ တေဇ သက်ပြင်းချမိသည်။

" ဝိုင်းမင်းဆက်.. ထတော့လို့ "

မနိုးတဲ့အပြင် ခြေထောက်တွေကပါ တေဇကိုယ်ပေါ်သို့ရောက်လာသည်။

" ဝိုင်း မင်း ဆက် "

" အွန်း... ကိုကြီး.. "

" ထတော့ "

" ဟင့်.. အိပ်ချင်သေးတယ် "

မျက်လုံးကမပွင့်ဘဲ နှုတ်ခမ်းကိုစူကာချွဲနွဲ့ပြီးပြောသည်။

" ကိုယ်ပေါ်ကအရင်ဖယ်ပေး "

မကြားသလိုလုပ်ကာ ငြိမ်သက်‌နေ၏။

" ငါသွားစရာရှိသေးတယ် ဝိုင်းမင်းဆက် "

" ဟွန့်.. ဝိုင်းနဲ့‌နေပါဦး "

" နေလို့မရဘူးလေ "

ပြောသည့်စကားကိုအရေးမလုပ်။ ဖက်ထားတဲ့လက်တွေက ပိုလို့‌‌တောင်တင်းကျပ်လာသည်။ ရွှေရောင်ဆံပင်အိအိတွေနဲ့ သူ့ရင်ဘတ်ကိုတိုးခွေ့နေတာ ခွေးပေါက်လေးတစ်ကောင်နှင့်တူသည်။

" ဝိုင်း နေမကောင်းဘူး "

အသံညှက်ညှက်လေးနှင့်ဆိုသည်။

" နေမကောင်းရင်ဆေးခန်းသွား "

" ကိုကြီး.. မသွားပါနဲ့ဦး.. "

" ဘာလို့မသွားရမှာလဲ၊ မရဘူး၊ ဖယ်တော့ ဝိုင်းမင်းဆက် "

ငြိမ်သွားသော ဝိုင်းမင်းဆက်။ တကယ်ပဲ နေမကောင်းတာလား။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now