🍑 29 🍑

7.7K 851 66
                                    

// Unicode //
~~~~~~~~~~

" ခင်ဗျား ဘာတွေသိထားလဲ "

အရှေ့တွင်ရပ်ပြီး စားပွဲပေါ်လက်နှစ်ဖက်ထောက်ကာ မေးလာတဲ့ ချာတိတ်။ ထုံးစံအတိုင်း အကြည့်တွေကတော့ သူသာနဂါးဆို ရန်ငြိမ်းဝေ ပြာကျသွားနိုင်သည်။

" ဘာကိုမေးတာလဲ "

" ရှင်းသန့်အကြောင်းလေ၊ ခင်ဗျားသိထားတာ အကုန်ပြော "

" ဪ.. သူက.. ချစ်စရာကောင်းတယ်၊ ဖော်ရွေပြီး တစ်ဖက်သားအပေါ် အပြောအဆိုလဲ ချိုသာတယ်..ပြီးတော့.. "

" ခင်ဗျားကို အဲ့ဒါတွေမေးနေတာမဟုတ်ဘူးဗျ "

" မင်းပဲ သူ့အကြောင်းငါသိတာတွေပြောဆို.. "

မျက်စိရှေ့က စိတ်လက်တဆစ်နဲ့လူသားကိုကြည့်ပြီး
ရန်ငြိမ်းဝေ ရယ်ချင်စိတ်ကိုထိန်းထားရသည်။

" အခုရှင်းသန့်ဆိုင်ကိုမလာဘူး၊ အိမ်မှာလဲမရှိဘူး.. ကိုခွန်းကတော့ စိတ်မပူဖို့ပဲပြောတယ်၊ ကိုခွန်းနဲ့ ရှင်းသန့်ကြားမှာတစ်ခုခုဖြစ်နေတာ သေချာတယ်၊ အဲ့ဒါ ခင်ဗျားဘာတွေသိထားလဲ "

ချာတိတ်က သူ့ကို ပြဿနာရဲ့တစ်စွန်းတစ်စလောက်သိနေမယ်လို့ ယုံကြည်နေပုံရသည်။ တကယ်ဆို သူက အစအဆုံးသိနေသည့်အပြင် ရူပါနဲ့ ဖြူကောင်လေးတို့ရဲ့ လူလည်ကျမှုကိုပါ သိနေသည်လေ..။ လက်ပိုက်ကာ ခုံကိုနောက်မှီလိုက်ရင်း လေသံအေးအေးဖြင့် ပြန်မေးလိုက်သည်။

" ဘာလို့ ငါသိတယ်လို့ထင်ရတာလဲ "

" ကျွန်တော်နဲ့ရှင်းသန့် အလုပ်သွားတဲ့လမ်းမှာ ခင်ဗျားရပ်စောင့်နေပြီး ရှင်းသန့်ကိုပြောတဲ့စကားတွေ ကျွန်တော်ကြားတယ် "

" ကြားရင် ဘာလို့လာမေးနေတာလဲ "

ရုတ်တရက်ပင် ချာတိတ်ရဲ့မျက်လုံးတွေက မီးထတောက်‌တော့မလားထင်ရသည်။ လက်ထဲမှာလဲ သကြားပုလင်းကရှိနေ၍ ခေါင်းမကွဲဘူးလို့တော့ အာမ,မခံနိုင်။ ပိုပိုပြီး တင်းမာလာတဲ့မျက်နှာကိုမြင်‌နေရပေမယ့် ချာတိတ်ကို အခုလိုကျီစယ်ရတာကိုက ပျော်စရာ။

" ကောင်းပြီလေ၊ သိချင်ရင်ပြောပြမယ်.. လေသံကိုပြင်ပြီးမေးလိုက် "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now